1. Home
  2. Good Morning Myanmar

နန်ကျင်းဖြစ်ရပ် နှစ်(၈၀)ပြည့်အောက်မေ့ဖွယ်အခမ်းအနား တရုတ်နိုင်ငံတွင်ပြုလုပ်

Good Morning Myanmar ธ.ค. 15, 2560 view 1,470
တရုတ်နိုင်ငံအရှေ့ပိုင်းက နန်ကျင်းမြို့မှာ ဂျပန်ကျူးကျော်မှုအတွင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု နှစ် ၈၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပခဲ့ပြီး တရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့ အဲဒီဖြစ်ရပ်မှာ ထိခိုက်ခံစားခဲ့ရသူတွေ၊ဆွေမျိုးတွေ တက်ရောက်ခဲ့ပါတယ်။ အခုလို နန်ကျင်းဖြစ်ရပ်အောက်မေ့ဖွယ်အခမ်းအနားကိုတော့ ကျန်းဆုပြည်နယ် နန်ကျင်းမြို့မှာကျင်းပနေတာဖြစ်ပါတယ်။
 
 
နန်းကျင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဟာ ဒီနှစ်ဆိုရင် နှစ် ၈၀ ပြည့်ပြီဖြစ်ပါတယ်။နိုင်ငံတော်အဆင့်ကျင်းပခဲ့ ဒီအခမ်းအနားကို တရုတ် သမ္မတ ရှီကျင့်ပင်နဲ့ တရုတ်အကြီးတန်းအရာရှိကြီးတွေတက်ရောက်ကြပါတယ်။တရုတ်စစ်ပြန်ကြီးတွေ၊နန်ကျင်းဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေ၊သတ်ဖြတ်ခံခဲ့ရသူတွေရဲ့မိသားစုနဲ့ဆွေမျိုးတွေအပါအ၀င် လူပေါင်း ထောင်ချီ တက်ရောက်ခဲ့ပါတယ်။တရုတ်စံတော်ချိန်မနက် ၁၀ နာရီမှာစတင်တဲ့ အခုအခမ်းအနားကို နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ် ခံရသူများအတွက် အောက်မေ့ဖွယ် ခန်းမရှေ့ရင်ပြင်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
 
 
အခမ်းအနားကို တက်ရောက်လာသူတွေဟာ သေဆုံးခဲ့သူတွေအတွက် တစ်မိနစ်ကြာ ငြိမ်သက်ဆုတောင်းပေးခဲ့ကြချိန်မှာပဲ ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်မှာ ဂျပန့်ကျူးကျော်မှုအတွင်း သေဆုံးခဲ့ရတဲ့လူသောင်းချီအတွက် တစ်မြို့လုံးမှာ ဥသြဆွဲပြီး ၀မ်းနည်းကြောင်းဖော်ပြခဲ့ပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့ဝင် ဆယ်ခြောက်ဦးက သေဆုံးသူများအတွက် လွမ်းသူ့ပန်းခွေချခဲ့သလို ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ တရုတ်နိုင်ငံတော်အလံကို တိုင်ဝက်ချလွှင့်ထူခဲ့ပါတယ်။အခမ်းအနားအတွင်း ကျောင်းသားအယောက် ၈၀ က ငြိမ်းချမ်းရေးကြေညာချက်တွေကို ဖတ်ကြားခဲ့ပါတယ်။တရုတ်ပြည်သူ့ ကွန်ဂရက်စ်လွှတ်တော်ဟာ ဒီဇင်ဘာလ ၁၃ ရက်ကို နန်ကျင်းဖြစ်ရပ်မှာ သေဆုံးခဲ့သူတွေအတွက် အမျိုးသားအောက်မေ့ဖွယ်နေ့အဖြစ် ၂၀၁၄ ခုနှစ်၊ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2187633591262759/


Follow us on