1. Home
  2. Good Morning Myanmar

လက်ရှိပွင့်လင်းရာသီဖြစ်ပေမယ့် ကုန်စည်စီးဆင်းမှုများနှေးကွေးနေမှုကြောင့် ယာဉ်ပိုင်ရှင်တွေ အခက်တွေ့နေ

Good Morning Myanmar ธ.ค. 15, 2560 view 1,544
အဝေးပြေးကုန်စည်ပို့ဆောင်မှုအနေနဲ့ ယခုနှစ်ပွင့်လင်းရာသီမှာ ကုန်စည်စီးဆင်းမှုတွေဟာ မိုးတွင်း ကာလကအတိုင်း နှေးကွေးနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဝင်းအတွင်းလုပ်ငန်းရှင်တွေထံမှ သိရပါတယ်။ 
ပွင့်လင်းရာသီမှာ ကုန်စည်ပို့ဆောင်တဲ့ ကားဂိတ်တွေအနေနဲ့ အရင်နှစ်တွေက ယာဉ်တွေပိုထွက်ကာ ကုန်သယ်ကုန်ပို့နိုင်ပေမယ့် ဒီနှစ်မှာတော့ ကုန်စည်စီးဆင်းမှုနည်း နေတယ်လို့ သိရပါတယ်။ကုန်စည်စီးဆင်းမှုနှေးကွေးနေမှုအပြင် ဓာတ်ဆီဈေးတက်မှုတွေ ပါရှိနေကာ တန်ဆာခ တွေဟာလည်း အရင်နှစ်ဒီလိုအချိန်တွေထက်ကျဆင်းနေတာကြောင့် ယာဉ်ပိုင်ရှင်တွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ပြောပါတယ်။အရင်နှစ်တွေက ဓာတ်ဆီဈေးတက်မှုတွေရှိလာရင် တန်ဆာခ လိုက်တက်နိုင်ပေမယ့် ဒီနှစ်မှာတော့ ဓာတ်ဆီဈေးတက်ပေမယ့် တန်ဆာခနှုန်းဟာ ကျဆင်းနေတယ် လို့ပြောပါတယ်။
 
 
တန်ဆာခတွေအနေနဲ့ အောက်တိုဘာလထဲမှာ မန်္တလေးကို တစ်တန်ကို ၂သောင်း ၂ထောင်ကနေ့ အခုဒီဇင်ဘာလပိုင်းမှာတော့ (၂)သောင်း(၃)ထောင့်ငါးရာသာရရှိနေပြီး မူဆယ်ကိုတော့ တစ်တန်ကို (၆)သောင်း(၃)ထောင်သာရရှိနေတယ်လို့သိရပါတယ်။မူဆယ်နဲ့မန်္တလေး (၂)မြို့လုံး ကိုတော့ ဆန်တစ်မျိုးထဲကိုသာ အဓိကပို့ဆောင်ပေးနေရပြီး အခြားကုန်စည်ပို့ဆောင်မှုတွေကတော့ နည်းပါးနေတယ်လို့သိရပါတယ်။
 
 
အချို့ဂိတ်ပိုင်ရှင်တွေအနေနဲ့ ယာဉ်တွေရပ်နားထားရတဲ့အထိဖြစ်နေပြီး အချို့ယာဉ်လိုင်းတွေကတော့ အရင်(၃)စီးထွက်နိုင်တဲ့ ဂိတ်တွေဟာ အများဆုံး(၂)စီးသာထွက်နိုင် တယ်လို့ဆိုပါတယ်။နယ်စပ်ကုန်သွယ်မှုမြို့ဖြစ်တဲ့ မူဆယ်ကို ဆန်တစ်မျိုးထဲသာ အဓိကသယ်ဆောင် နေရပြီး တခြားကုန်စည်တွေကို သယ်ဆောင်ရတာနည်းပါးနေကာ တခြားလိုင်းတွေဖြစ်တဲ့ ဘားအံ၊ တောင်ကြီး၊မော်လမြိုင်အစရှိတဲ့မြို့တွေကတော့ ပုံမှန်အတိုင်းရှိနေတယ်လို့ပြောပါတယ်။အခုလို ကုန်စည်စီးဆင်းမှုနှေးကွေးတာဟာ (၂၀၁၆)ခုနှစ်ထဲက စတင်ခဲ့တာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာလဟာကုန်စည်ပို့ဆောင်မှုထအဆိုးရွားဆုံးလအဖြစ်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2187627257930059/
 


Follow us on