1. Home
  2. Myanmar News

အဖွားဖြစ်သူရိုက်နှက်ခြင်းကြောင့် အသက်(၄)နှစ်အရွယ်မြေးသေဆုံး

Myanmar News ธ.ค. 15, 2560 view 1,568

ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာတွင် ခင်ပွန်းဘက်မှ မြေးတော်စပ်သည့် အသက်(၄)နှစ်အရွယ်ကလေးအား အသက်(၃၇)နှစ်အရွယ် ဇနီးဖြစ်သူက အရွယ်နှင့်မမျှအောင် ရိုက်နှက်ပြုမူခဲ့သည့်အတွက် ကလေးမှာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ  ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ပုလုံးတုံတုံးကျေးရွာ အောင်မေတ္တာ (၂)လမ်းနေ မသန်းသန်းနွယ်(ခ) မိကမ်း (၃၇ နှစ်)သည် မြေးတော်စပ်သူ မဆောင်းဇာဝင်း အသက်(၄ နှစ်)အား နေအိမ်တွင် လက်ဖြင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ တံမြက်စည်းရိုးဖြင့်ရိုက်နှက်ခြင်း၊ နေအိမ်ပေါ်မှပစ်ချခြင်းများ ပြုလုပ်ခဲ့သဖြင့် ကလေးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး စိုးရိမ်ဖွယ်အခြေနေရှိကြောင်း ကြားသိရသဖြင့် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ လာရောက်ကြည့်ရှုကာ ကော့သောင်းဆေးရုံသို့ တင်ပို့ခဲ့သည်။


ထို့နောက် ကလေးငယ်အား ဒဏ်ရာများရရှိ အောင်ရိုက်နှက်ခဲ့သူ မသန်းသန်းနွယ် အား ဥပဒေအရအရေးယူပေးပါရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ကိုဦး မှတရားလိုပြု လုပ်တိုင်တန်းခဲ့သဖြင့် ကော့သောင်းရဲစခန်း (ပ)၂၁၆၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၅ အရအမှုဖွင့်အရေးယူဆောင်ရွက်ထားရှိခဲ့သည်။


အမှုအားစစ်ဆေးဆောင်ရွက်နေစဉ်အတွင်း ဆေးဝါးကုသမှုခံယူနေသူ မဆောင်ဇာဝင်း မှာ ဦးခေါင်းနဖူး၊ ယာဘက်မျက်ကွင်းနှင့်ပါး၊ ဝဲပါး၊ရ င်ဘတ်၊ ကျော၊ ဝဲ/ယာခြေထောက်တို့တွင် ဖူးရောင်ညိုမဲဒဏ်ရာတို့ဖြင့် ဒီဇင်ဘာ (၁၅)ရက်နေ့  ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် သေဆုံးသွားသဖြင့် အမှုအားပုဒ်မ ၃၂၅ မှ ၃၀၂ သို့ပြောင်းလွဲစစ် ဆေးခဲ့ပြီး အမှုမှတရားခံ မသန်းသန်းနွယ် အား ဖမ်းဆီးထားရှိကြောင်း Aung Zaw Min Tun (သုခမိန်)မှ သတင်းရရှိသည်။


 



Follow us on