1. Home
  2. Special or Others

နှစ်နှစ်အတွင်း သန်းကြွယ်သူဌေးဖြစ်လာတဲ့ (၁၅)နှစ်အရွယ် လုပ်ငန်းရှင်

Special or Others ธ.ค. 17, 2560 view 1,486

စွန့်ဦးတည်ထွင်လုပ်ငန်းရှင်များထဲက အနည်းစုကသာ သူတို့ရဲ့ လုပ်ငန်းကို ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လုပ်ငန်းကြီးတွေ ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အဲဒီလို အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေထဲမှာမှ အထက်ကျောင်းပညာရေးတောင်မပြီးသေးတဲ့ သန်းကြွယ်သူဌေး လုပ်ငန်းရှင်က အင်မတန်ကို ရှားပါးလွန်းပါတယ်။

သန်းကြွယ်လုပ်ငန်းရှင် သူဌေးတွေထဲမှာ ဂျေလန် ဘလီဆို ဟာ အသက်(၁၅)နှစ်သာရှိသေးတဲ့အတွက် အငယ်ဆုံးလို့ ပြောနိုင်ပါတယ်။ ဂျေလန် ဘလီဆိုဟာ ၁၃ နှစ် အရွယ်ကတည်းက အင်တာနက် ဝဘ်ဆိုက်ဒီဇိုင်းနဲ့ အခြားအိုင်တီဝန်ဆောင်မှုတွေကို ပေးတဲ့ ကုမ္ပဏီတစ်ခုကို ကိုယ်ပိုင်နာမည်ဖြင့် တည်ထောင်ခဲ့ပြီး နှစ်နှစ်အတွင်းမှာ သူ့ရဲ့လုပ်ငန်း တစ်ကမ္ဘာလုံးကို ချဲ့ထွင်နိုင်ခဲ့ပြီး ကုမ္ပဏီဟာ အခုဆိုရင် ၃.၅ သန်းကျော် တန်နေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ သူဟာ ကမ္ဘာ့အချမ်းသာဆုံး ကလေး (၁၀)ယောက်ထဲမှာ ရွေးချယ်ခံထားရသူတစ်ဦး ဖြစ်ပါတယ်။ ဘလီဆိုကို ပထမဆုံးအကြီမ်အဖြစ် ၂၀၁၂ မတ်လ တနင်္လာနေ့တွင် အင်တာဗျူးခဲ့ပြီး သူ့ကုမ္ပဏီရဲ့ အလုပ်သမားဦးရေကို နှစ်ယောက်မှ အယောက် တစ်ရာ့ငါးဆယ်အထိ တိုးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့တာတွေအပြင် သူ့မှာ အခြားလူငယ်တွေလိုပဲ အခြားအိမ်မက်တွေ ရှိပါသေးတယ်။

ဘလီဆန်ဟာ သူ့ရဲ့အောင်မြင်မှုတွေကြောင့် ကျောင်းသားအဖွဲ့အစည်း အတော်များများရဲ့ ကျောင်းသားရေးရာနဲ့ ကျောင်းသားမိဘဆရာအသင်းတွေမှာ အကြီးအကဲအဖြစ် တာဝန်ယူထားရပါတယ်။ လုပ်ငန်းနယ်ပယ်မှာဆိုရင်တော့ ပရိုဂရမ်ရေးဆွဲတဲ့ စိန့်လော့ရန်စ့် လူငယ်အဖွဲ့အစည်းမှာ ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အဖေဖြစ်သူက သားအတွက်အရမ်းကို ဂုဏ်ယူနေပြီး လွတ်လပ်ခွင့် အပြည့်ပေးထားပါတယ်။

ဂျေလန်ဟာ ဝဘ်ဒီဇိုင်းရေးဆွဲဖန်တီးရာမှာ ၀ါသနာပါပြီိး သူ့ရဲ့ ပထမဆုံးခြေလှမ်းကို သူတက်နေတဲ့ အထက်တန်းကျောင်းအတွက် ပညာရေးပရိုဂရမ် ရေးဆွဲပေးခဲ့ရာမှ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုပြုလုပ်နိုင်ဖို့ အတွက် အရမ်းကြိုးစားအားထုတ်ခဲ့ရပြီးနဲ့ သတ္တိမွေးခဲ့ရပါတယ်လို့ ပြန်ဖြေ ထားပါတယ်။

သူဟာ လူငယ်စီးပွားရေးပညာရှင်တွေကို အောင်မြင်မှုအတွက် စွန့်စားပါလို့ ပြန်ဖြေခဲ့ပါတယ်။ သူရဲ့ ရည်မှန်းချက်ကတော့ ဟားဗတ်စ်တက္ကသိုလ်ကို တက်ရောက်ပြီး ရှေ့နေတစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

 



Follow us on