1. Home
  2. Special or Others

နှလုံးအပြင်ဘက်ရောက်နေတဲ့ မွေးကင်းစကလေး ဆရာဝန်များအခက်တွေ့နေ

Special or Others ธ.ค. 17, 2560 view 1,518

အင်္ဂလန်နိုင်ငံက မွေးကင်းစ မိန်းကလေးတစ်ဦးရဲ့ နှလုံးဟာ သာမန်လူတွေလိုမဟုတ်ပဲ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာဖောက်ထွက်နေတာကြောင့် ဆရာဝန်တွေအားလုံး အခက်တွေ့နေကြပါတယ်။

သူမဟာ ပုံမှန်မဟုတ်ဘူးဆိုတာ ကိုယ်ဝန်(၉)ပတ်သားအချိန်မှာ စကင်ဖတ်ကြည့်ထဲက သတိပြုမိခဲ့ပါတယ်။ ခန္ဓာကိုယ်တည်ဆောက်နေတဲ့ ဖြစ်စဉ်မှာ ပုံမှန်မဟုတ်တဲ့အရာ သေးသေးလေးတစ်ခုကို တွဲနေတာကို တွေ့လိုက်ရတဲ့အချိန်မှာ မိဘနှစ်ပါးစလုံး အနည်းငယ် ဇဝေဇဝါဖြစ်ခဲ့ကြပါတယ်။ ဖခင်ဖြစ်သူ Dean Wilkins က “ အဲ့တာက ဦးထုတ်ပါတဲ့ ဟန်းစတားလေးလိုပါပဲ၊ ဒါပေမဲ့ အဲ့လိုမဟုတ်ခဲ့ပါဘူး၊ အဲ့ဒါက သူ့ရဲ့  နှလုံးသားလေးပါ” လို့ပြောခဲ့ပါတယ်။

သူတို့သမီးလေးရဲ့  ရင်ဘတ် အရိုးတွေဟာ သာမန်လူတွေလို မဟုတ်တာကြောင့် သူမရဲ့ နှလုံးနဲ့ အစာအိမ် အစိတ်အပိုင်း အချို့ဟာ အပြင်ဘက်ရောက်နေတာဖြစ်ပါတယ်။ ဒီအခြေအနေကို Ectopic Codix လို့ခေါ် ပြီး ဒီဖြစ်စဉ်ဟာ ရှားလွန်းလှတာ ကြောင့် အထူးကုဆရာဝန်တွေတောင် အခက်တွေ့နေရပါတယ်။

ကလေးနှလုံးအထူးကု ဆရာဝန် France BuLock က “ကျနော်တို့မှာ ဒီဖြစ်ရပ်နဲ့ပက်သက်လို့ သိထားတဲ့ သတင်း အချက်အလက်က နည်းနည်းလေးပဲရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။ နောက်ထပ် “ကျနော် ဒီလိုဖြစ်ရပ်မျိုးကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတစ်ခါလောက် ကြုံဘူးပါတယ်၊ ဒါပေမဲ့ မွေးဖွားရတာကတော့ အဆင်ချောခဲ့ပါတယ်၊ ကျနော် ဒီဖြစ်ရပ်ကို Google မှာ ချက်ချင်းရှာကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းအချက်အလက် သိပ်မရခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ဒီလိုဖြစ်ရပ်မျိုး ဟာတစ်ခုနဲ့ တစ်ခု မတူညီတတ်ကြလို့ပါ” လို့ပြောခဲ့ပါတယ်။

ဒီလို ကလေးအများစုဟာ နှလုံး နဲ့ အခြားအစိတ်အပိုင်းတွေနဲ့ ပက်သက်ပြီး တစ်ခုမဟုတ်တစ်ခု ခံစားရတတ်ပါတယ်။ သို့သော်လည်း ဒီလိုကလေးတွေကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မွေးပေးနိုင်ခဲ့တဲ့ ကလေးအများစုဟာ ရက်ပိုင်းအတွင်းမှာပဲ သေဆုံးသွားတတ်ပါတယ်။ ဒီလိုပုံစံနဲ့ပဲရှင်သန်သွားတဲ့ ကလေးတွေ ကမ္ဘာပေါ်မှာတော့ ရှိပါတယ်၊ ဒါပေမဲ့ အင်္ဂလန်နိုင်ငံမှာတော့ မရှိပါဘူး။

ကလေးဟာ မွေးဖွားပြီး မိနစ် ၅၀ အကြာမှာပဲ အပြင်ထွက်နေတဲ့ နှလုံးကို အထဲပြန်သွင်းဖို့ ခွဲစိတ်ခံခဲ့ရပါတယ်။ နောက်ထပ် တစ်ပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံခွဲစိတ်ခဲ့ပြီး ဒီတစ်ကြိမ်မှာ သူ့ရဲ့နှလုံးထားဖို့အတွက် နေရာကျယ်ကျယ်လေးရအောင် ပြုပြင်ပေးခဲ့ပါတယ်။ အားလုံးက ကလေးကြာကြာအသက်ရှင်နိုင်လိမ့်မယ်လို မျှော်လင့်ဆုတောင်းနေကြပါတယ်။ သူမနဲ့ အလားတူဖြစ်ရပ်မျိုး ၂၀၁၅ ခုနှစ်က အမေရိကန်နိုင်ငံမှာ ရှိခဲ့ပြီး အခုဆိုရင် ကလေးဟာ အသက် (၃)နှစ်အရွယ်ရောက်နေပြီဖြစ်ကာ ပုံမှန်အခြေနေကို တစ်ဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။



Follow us on