1. Home
  2. Special or Others

Like & Share တောင်းသည့် ပိုစ့်များကို အဆင့်လျှော့ချသွားရန် Facebook စတင်

Special or Others ธ.ค. 19, 2560 view 1,428

လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်တွင် “Like လုပ်ပေးကြပါဦး” “Share ပေးကြပါဦး” ဟု Like နဲ့ Share တောင်းသည့် ပေ့ခ်ျများ၏ စတေးတပ်စ်များ၊ ပို့စ်များကို (News Feed) အနေနဲ့ ပရိသတ်အများကြီးထံ မရောက်အောင် အဆင့်ကို လျှော့ချသွားမည့် လုပ်ငန်းစဉ်ကို ဖေ့စ်ဘွခ်က စတင်နေပြီဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်သည်။

စီးပွားရေး လူမှုကွန်ယက်စာမျက်နှာများအနေနဲ့  “Like & Share” လုပ်ပါဟုတောင်းဆိုမှုကြောင့်  Like & Share လုပ်သည့် လူများလေလေ အဆိုပါအကြောင်းအရာက ပိုပြီးပျံ့နှံ့လေလေဖြစ်သည့် နည်းလမ်းကို အသုံးပြုနေကြခြင်းဖြစ်သည်။


ထို့ကြောင့် ပရိသတ်များများထံသို့ရောက်ပြီး ပိုမိုအာရုံစူးစိုက် ဖတ်ရှုမှုခံရစေရန် “Like & Share” လုပ်ပါဟု တိုက်တွန်းရေးသားသည့် နည်းလမ်းအပြုအမူများကို လျှော့ချရှောင်ကျဉ်ရန် သတိပေးထားပြီး အချိန်ပေးထားသည့်အနေဖြင့် ချက်ခြင်းကြီး ပရိသတ်များများထံ ရောက်ရှိမှု လျှော့ချသွားမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ဖေ့စ်ဘွခ်အနေနဲ့ အရေးပေါ်အကြောင်းအရာများဖြစ်သည့် ဥပမာ (ကလေးပျောက်သည့် ကိစ္စမျိုး၊ ခရီးထွက်ဖို့ အကြံဉာဏ်တောင်းခံတာမျိုး) အစရှိသည့် အကူညီတောင်းခံသည့် ပို့စ်များကိုတော့ ချွင်းချက်အနေနဲ့ သက်ရောက်မည်မဟုတ်ဟု ပြောကြားခဲ့ပါတယ်။

ဖေ့စ်ဘွခ်၏ update အသစ် ပြုလုပ်မှုတွင် တစ်ကယ်အစစ်အမှန်ဖြစ်သော အကြောင်းအရာများကိုသာ News Feed အနေနဲ့ ပရိသတ်ထံပိုမိုရောက်ရှိနိုင်အောင် ပြုပြင်လုပ်ဆောင်သွားမည်ဖြစ်သည်။
 



Follow us on