1. Home
  2. Myanmar News

နှစ်သစ်ကူးနေ့တွင် ရွှေတိဂုံဘုရားပေါ်တက်ရောက်ခွင့် ခတ္တပိတ်မည်

Myanmar News ธ.ค. 19, 2560 view 1,508

၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး ဒီဇင်ဘာလ (၃၁)ရက် ညနေပိုင်းမှစတင်၍ နောက်တစ်နေ့ ဇန်နဝါရီလ (၁)ရက်နေ့ နေ့လည်ပိုင်းထိ ရွှေတိဂုံဘုးရားပေါ်တက်ရောက်ခွင့် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ (၃၁) ရက်ကနေ ဇန်နဝါရီလ (၁)ရက်နေ့ထိ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် သံဃာအပါး ၁၈,၀၀၀ တို့အား ဆွမ်းဆန်စိမ်း လောင်လှူကြမည်ဖြစ်သောကြောင့် ဧည့်သည်များ တက်ရောက်ခွင့်ကို ခေတ္တပိတ်ထားရခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

“အဲဒီလို ဘုရားဖူးများကို ခေတ္တရပ်နားထားတာကို သံဃာတော်တွေ ပြန်လည်ကြွသွားမယ့် ဇန်နဝါရီ (၁)ရက်နေ့ နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ ပြန်ဖွင့်ပေးမယ်။ နည်းနည်းတော့ အခက်အခဲရှိတယ်။ ဆွမ်းတော်ကြီး လောင်းနေကြတာဆိုတော့” ဟု ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားခဲ့ကြောင်း မြန်မာ့ပလက်ဖောင်းမီဒီယာမှ သိရှိရသည်။



 



Follow us on