နည်းပြမော်ရင်ညိုရဲ့မန်ယူအသင်းဟာ ယခုတစ်ပတ် ပွဲစဉ်(၁၈)မှာ ၀က်ဘရွန်းအသင်းကို အနိုင်ရရှိခဲ့ ပေမယ့် ကစားသမားအသုံးပြုမှုနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရမန်ယူအသင်းဟာ နည်းပြကြီးဖာဂူဆန်အနားယူပြီးနောက်ပိုင်း နည်းပြအဆက်ဆက် ကစားသမားသစ် များစွာ ခေါ်ယူခဲ့ပေမယ့်လက်ရှိအချိန်ထိ နည်းပြကြီးဖာဂူဆန်လက်ထက်က ကစားသမားအထိုင်ကို အသုံးပြုနေ ရဆဲဖြစ်ကာ အသင်းရဲ့အပြောင်းအရွှေ့စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။
ဝက်ဘရွန်းအသင်း ကို (၂)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ ပွဲထွက်ကစားသမား(၁၁)ယောက်စာရင်းမှာ ဖာဂူဆန်လက်ထက်က ကစားသမား(၇)ဦးထိပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေအဖြစ် မာတစ်၊ ဟာရဲယား၊ မာတာ၊ လူကာကူ တို့သာရှိနေပါတယ်။ ဂိုးသမားနဲ့ ခံစစ်နေရာမှာ ဖာဂူဆန်လက်ထက်က ကစားသမားတွေဖြစ်တဲ့ ဒီဂီယာ၊ အက်ရှ်လေယန်း၊ ဖီးဂျုံး၊ စမောလင်း၊ ဗလင်စီယာတို့ပါဝင်နေပြီး တိုက်စစ်မှာလည်း အကယ်ဒမီထွက်က စားသမားတွေဖြစ်တဲ့ ရက်ဖို့နဲ့ လင်ဂတ်တို့လို ကစားသမားတွေပါဝင်နေပါတယ်။
.JPG)
ဖာဂူဆန်ခေတ်လွန်မန်ယူအ သင်းဟာ အပြောင်းအရွှေ့တိုင်းလိုလို တန်ဖိုးကြီးကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့ပြီး နည်းပြမော်ရင်ညို လက်ထက်မှာလည်း ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပေါ့ဘာကို ခေါ်ယူတာအပါအ၀င် ငွေကြေးများစွာအ သုံးပြုထားတာဖြစ်ပါတယ်။ မော်ရင်ညိုလက်ထက်မှာ မန်ယူအသင်းက နောက်တန်းမှာလည်း ဘိုင်လီ၊ လင်ဒီလော့တို့လို ကြေးကြီးပေးခေါ်ယူရတဲ့ ကစားသမားတွေရှိသလို ကွင်းလယ်မှာလည်း ပေါ့ဘာ၊ မာတစ်၊ တိုက်စစ်မှာလည်း လူကာကူကို ပေါင်(၇၅)သန်းထိပေးကာ ခေါ်ယူထားပါတယ်။ ဒါပေမဲ့ အသင်းရဲ့ကစားကွက် ကအကောင်းဆုံးအခြေအနေမှာ မရှိသလို လက်ရှိနည်းပြမော်ရင်ညိုလက်ထက်မှာလည်း ပွဲစဉ်အများစုကို ဖာဂူ ဆန်လက်ထက်က ကစားသမားတွေကို အမာခံကစားသမားအဖြစ် အသုံးပြုနေရပါတယ်။