1. Home
  2. Good Morning Myanmar

အီတလီသို့ရွှေ့ပြောင်းသွားရောက်မည့်လူ(၂၅၀)ဦးခန့်ကို လစ်ဗျားတပ်ဖွဲ့များ ကယ်ဆယ်ခဲ့

Good Morning Myanmar ธ.ค. 20, 2560 view 1,465
အီတလီနိုင်ငံကို သွားဖို့ကြိုးစားနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ(၂၅၀)ဦးကို လစ်ဗျားကမ်းခြေ စောင့်တပ်ဖွဲ့တွေက ကယ်ဆယ်ခဲ့ရပြီး ရွှေ့ပြောင်းသူတွေထဲမှာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေပါ ပါနေတယ်လို့ လစ်ဗျားအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ အာဖရိကတိုက်မြောက်ပိုင်းမှာ ရှိတဲ့လစ်ဗျားနိုင်ငံရဲ့အနောက်ဘက်ကမ်းခြေဒေသဟာ ဥရောပတိုက်ကိုသွားကြတဲ့ ရွှေ့ပြောင်းနေ ထိုင်သူတွေရဲ့ အဓိကထွက်ပေါက်ဖြစ်နေပါတယ်။ အီတလီနိုင်ငံကိုသွားမယ့် လှေပေါ်မှာ (၁၆)နာရီလောက်လိုက်ခဲ့ပေမဲ့ လစ်ဗျား နိုင်ငံထဲမှာသာရှိနေသေးတယ်လို့ ရွှေ့ပြောင်းနေထိုင် သူတစ်ဦးက ပြောပါတယ်။
 
 
ရွှေ့ပြောင်းနေထိုင်သူတွေကို လစ်ဗျားနိုင်ငံက ထရီပိုလီမြို့မှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ကတည်းက ဥရောပတိုက်ကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အရေအတွက် ကျဆင်းလာတယ်လို့ လစ်ဗျားအစိုးရဘက်က ပြောနေပေမဲ့ လစ်ဗျားနိုင်ငံကနေ ဥရောပတိုက်ကို သွားကြတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေရဲ့လူမှုဘ၀ဖူလုံရေးဟာ အဓိကစိုးရိမ်စရာကိစ်္စရပ်တစ်ခု ဖြစ်နေပါတယ်။ မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပတိုက်ကိုသွားနေကြသူတွေကို တားဆီးနေတဲ့ လစ်ဗျားအစိုးရကို ကူညီနေတဲ့ ဥရောပနိုင်ငံတချို့ရဲ့အာဏာပိုင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်နေတာဆိုပြီး နိုင်ငံတကာလူ့အခွင့် အရေးအဖွဲ့တွေက စွပ်စွဲပြောဆိုထားပါတယ်။
 
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2195175230508595/


Follow us on