1. Home
  2. Special or Others

Facebook LIVE ဗီဒီယိုကို အလွဲအသုံးချမိလို့ ဒုက္ခတွေ့နေရတဲ့ အိမ်အကူ

Special or Others ธ.ค. 20, 2560 view 2,101

ယနေ့ခေတ်မှာတော့ လူအတော်များများဟာ လှုမှုကွန်ယက်ပေါ်ကနေ သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်၊ အတွေးအမြင်၊ နေ့စဉ်ဘဝ စတာတွေကို ချပြနေကြတာဟာ ဆိုရှယ်နတ်ဝေါ့ခ်ရဲ့ ဓလေ့တစ်ခုလိုတောင် ဖြစ်နေပြီလို ဆိုရပါမယ်။

ဒါပေမယ့် သူတို့ပြုမူပြောဆို ရေးသား လွှင့်တင်လိုက်တဲ့ အကြောင်းအရာတွေဟာ အများအမြင် သင့်တော်ရဲ့လား၊ ဘာတွေထိခိုက်နစ်နာမှုတွေ ရှိလာနိုင်လဲဆိုတာ ချင့်ချိန်သုံးသပ်နိုင်သူ နည်းပါးပါတယ်။
ဟောင်ကောင်နိုင်ငံတွင်  အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက်(၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး(အင်ဒိုနီးရှားဟု ယူဆရသူ)ဟာ အိမ်ရှင်ဖြစ်သူရဲ့ ကလေးသုံးယောက်ကို ရေးချိုးပေးနေစဉ် သူမရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ Live လွှင့်ခဲ့မိတဲ့အတွက် သူမမထင်မှတ်ထားတဲ့ ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်ရဖို့ ဖြစ်နေပါပြီ။

၁၇ မိနစ်ကြာ တိုက်ရိုက်လွှင့်ခဲ့တဲ့ ဗီဒီယိုကို ပြန်ဖျက်မချခင်အချိန်ထိ ကြည့်ရှုသူ (၇၀၀)ကျော်ရှိခဲ့ပါတယ်။ အဆိုပါဗီဒီယိုထဲတွင် ကိုယ်လုံးတီးချွတ်ရေချိုးနေသော အသက် ၆ နှစ်ကနေ ၈ နှစ်ပတ်ဝန်းကျင် ကောင်းလေးများပါဝင်ပြီး၊ ကလေးများ ဆီးသွားနေသည်ကိုပါ ရိုက်ထားခဲ့သည်။

ဗီဒီယိုထဲတွင် ပါဝင်သူကလေးတစ်ယောက်က “ငါတို့ကို ဗီဒီယိုမရီုက်နဲ့နော်” ဟု လှမ်​ပြောစဉ် သူမက “မရိုက်ပါဘူး” ဟု ပြန်ပြောခဲ့သည်။ အဆိုပါဗီဒီယိုအွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် ကလေးဖော်ချွတ်ဗီဒီယိုများ တင်သည့်အတွက် အရေးယူသင့်ကြောင်း၊ အဆိုပါအိမ်ရှင်၏ အိမ်အတွင်းပိုင်းများကို ရိုက်ပြသည့်အတွက် လုံခြုံရေးကို ချိုးဖောက်ရာရကြောင်း စသည်ဖြင့် ပြင်ထန်စွာ ပြောဆိုဝေဖန်ခံနေရသည်။


သူမ၏ ဖေ့စ်ဘွခ်အကောင့်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ သူမနေ့စဉ် လုပ်ကိုင်နေရသည့် အလုပ်တွေနဲ့ ပက်သက်တဲ့ Live ဗီဒီယိုများကို မကြာခဏလွှင့်တတ်သူဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သူမတွင် အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားပါက ထောင်ဒဏ်(၈)နှစ် နှင့်တစ်ကွ ငွေဒဏ် အမေရိကန်ဒေါ်လာ ၁၂၇,၉၄၀ ကျခံဖွယ်ရာရှိကြောင်း သိရှိရသည်။



Follow us on