1. Home
  2. Special or Others

အလှဆင်ထားတဲ့ လက်သည်းလေးတွေကတစ်ဆင့် ဖုန်းပြောနိုင်မည့်နည်းပညာ

Special or Others ธ.ค. 20, 2560 view 1,683

မိုဘိုင်းလ်ဖုန်းတွေထက် နည်းပညာနှစ်ဆမြင့်မားပြီး  ကိုယ်နဲ့မကွာဆောင်ထားနိုင်တဲ့ ကမ္ဘာ့ပထမဆုံး လက်သည်းခွံ ပုံစံဆက်သွယ်ရေးကိရိယာတစ်ခုကို Sean Miles ဆိုသူက လက်သည်းအလှပြင်တဲ့ ကုမ္ပဏီနဲ့အတူ ပူးပေါင်းပြီး တီထွင်ခဲ့ ပါတယ်။

ရည်ရွယ်ချက်ကတော့ အသုံးပြုသူတွေဟာ လက်သည်းလေးတွေမှာ အလှဆင်ပစ္စည်းသဖွယ် ဝတ်ဆင်ထားတဲ့ mini Bluetooth chips ပြားလေးတွေထည့်ထားတဲ့ အဲဒီကိရိယာလေးကို နားနားကပ်ပြီး ဟန်းဆက်ကိုင်ထားစရာမလိုပဲ ကိုယ့်ရဲ့လက်ချောင်းလေးတွေနဲ့ပဲ စတိုင်ကျကျဖုန်းပြောယုံပါပဲ။

 

Bluetooth နည်းပညာဖြစ်လို့ အဲ့ဒီပစ္စည်းလေးကို ကို့ရဲ့ ဖုန်းနဲ့ ချိပ်ဆက်ထားလိုက်ရုံနဲ့ ဖုန်းပြန်ခေါ်နိုင်သလို သီချင်းတွေလည်း ဖွင့်နိုင်လိမ့်မယ်လို့ဆိုပါတယ်။

ဒီပစ္စည်းကိုတီထွင်တဲ့ သူကတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဖက်ရှင်နဲ့ နည်းပညာကို ပေါင်းပြီးထုတ်လုပ်ထား ကြောင်း၊ လူတွေဟာ မိုဘိုင်းလ်ဖုန်းတွေကို အသုံးပြုတာနှစ်အတော်ကြာပြီဖြစ်ပေမဲ့ ဒါကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ၀တ်ဆင်ထားနိုင်တဲ့ နည်းပညာပစ္စည်းတွေကို ထုတ်လုပ်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ကြောင်း ပြော ခဲ့ပါတယ်။

အနာဂါတ်တွေးခေါ်မျှော်မြင် ပညာရှင်တစ်ဦးဖြစ်သူ Dr Pearson က လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းတပ်ဆင်နိုင်မယ့် ဆက်သွယ်ရေးနည်းပညာတွေ ပေါ်လာပြီး သက္ကရာဇ် ၂၀၄၉ ခုနှစ်မှာ စမတ်ဖုန်းတွေရဲ့ နေရာကို ယူသွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဥပမာအားဖြင့် အရေပြားအောက်မှာ ထည့်ထားနိုင်တဲ့ သေးငယ်တဲ့ sensor လေးတွေဟာ  ရုပ်ပိုင်း ဆိုင်ရာထိတွေ့မှုကို ခံစားနိုင်သလိုမျိုး ကျွန်တော်တို့တစ်ယောက်နဲ့ တစ်ယောက်အနားမှာ အပြန်အလှန်စကား ပြောနေတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ဆိုပါတယ်။



Follow us on