1. Home
  2. Myanmar News

ဒလ-ရန်ကုန် သမ္ဗာန်တစ်စင်း ရန်ကုန်မြစ်တွင်းတိမ်းမှောက် လူသုံးဦးပျောက်ဆုံးနေ

Myanmar News ธ.ค. 21, 2560 view 1,827

ဒလ မှ ရန်ကုန်သို့ ထွက်ခွာလာသော သမ္ဗာန်တစ်စင်း ရန်ကုန်မြစ်အတွင်းတိမ်းမှောက်ခဲ့ပြီး သမ္ဗာန်မောင်းသူအပါအဝင် လူ(၃)ဦး ပျောက်ဆုံးလျှက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၃)ဦး လိုက်ပါလာသော မြင့်မြတ်သဇင် စက်တပ်သမ္ဗာန်ကို ဇင်မင်းသူ (၃၁)နှစ်က မောင်းနှင်ကာ ဒလမြို့နယ် ကမာဆစ်သမ္ဗာန်ဆိပ်မှ ရန်ကုန်ဘက်ရှိ စဉ့်အိုးတန်းဆိပ်ကမ်းသို့ ထွက်ခွာလာခဲ့သည်။

ရန်ကုန်မြစ်အတွင်းတစ်နေရာတွင် သမ္ဗာန်၏ပန်ကာတွင် ရစ်ပတ်နေသော ဒိုက်များကို ရှင်းလင်းရန် ခတ္တစက်ရပ်ကာ မျောပါနေစဉ် ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားသည့် စီဘီကုန်တင်တွဲများကြား ညပ်ပြီး ကန့်လန့်ဖြတ်တိုက်မိကာ တိမ်းမှောက် နစ်မြုတ်သွားခဲ့ခြင်းဖြစ်သည်။

သမ္ဗာန်နစ်မြုတ်မှုမှ အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၂)ဦးကို ပြန်လည်ဆယ်ယူရရှိခဲ့ပြီး သမ္ဗာန်မောင်းသူအပါအဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ပျောက်ဆုံးလျှက်ရှိကြောင်း ဒီမိုကရေစီတူဒေးမှ ကောက်နှုတ်ဖော်ပြပါသည်။

 

Photo Credit: MPA

 



Follow us on