
B.Tech နှင့်ဘွဲ့ရထားပြီး B.E သင်တန်းမတက်ရောက်ရသေးသူများအား အရည်ချင်းစစ်စာမေးပွဲဖြေဆိုကာ B.E ပေါင်းကူးသင်တန်းအား တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီဌါနမှ သိရှိရသည်။
အရည်သွေးပည့်ဝသော အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ် ၂၉ ကျောင်းတွင် B.Tech မှ B.E ပေါင်းကူးသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်သည်။
တက်ရောက်လိုသူများအနေနဲ့ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဦးစီးဌါန၏ အချိန်ပြည့် နှစ်နှစ်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာဖြင့် ဒီဇင်ဘာလ (၂၀)ရက်နေ့မှ စတင်ကာ လျှောက်ထားနိုင်ပြီဖြစ်သည်။
ဝင်ခွင့်စာမေးပွဲများကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် အင်္ဂလိပ်စာနှင့် သက်ဆိုင်ရာဘာသာရပ်တို့ကို ဖြေဆိုသွားရမည်ဖြစ်သည်။ နည်းပညာတက္ကသိုလ်များ၏ B.Tech မှ B.E ပေါင်းကူးသင်တန်းအတွက် သင်တန်းသား ၄၀၀၀ ကျော်သာ လက်ခံနိုင်ပြီး ဝင်ခွင့်အောင်စာရင်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ (၂၈)ရက်နေ့တွင် ကျောင်းအလိုက် ထုတ်ပြန်ပေးပြီး ကျောင်အပ်လက်ခံမှုကို (၂၉)ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
comment