1. Home
  2. Health Fix

မွေးရာပါအမြင်အာရုံချို့တဲ့သူများ အလင်းပြန်ရနိုင်သည့်ဆေးအသစ် FDA ခွင့်ပြုချက်ရရှိ

Health Fix ธ.ค. 21, 2560 view 1,550

Spark Therapeutics ကုမ္ပဏီမှ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ မျိုးရိုးဗီဇမသန်စွမ်းမှုကို ကုသပေးနိုင်တဲ့ဆေးကို  အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာအဖွဲ့အစည်းမှ မျက်စိဝေဒနာရှင်တွေကို စမ်းသပ်ကုသခွင့်ပေးလို်က်ပါတယ်။

ဒီကုသမှုမှာကိုတော့ Luxturna လို့ခေါ်ပြီး ဒီဆေးရည်မှာပါတဲ့ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ ဗိုင်းရပ်စ်က သယ်ဆောင်လာတဲ့ ဆဲလ်တွေဟာ မွေးရာပါ အမြင်အာရုံချို့တဲ့သော လူနာတွေရဲ့ မျက်စိအတွင်းပိုင်းထိ ဝင်ရောက်ပြီး ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်ကောင်းလာအောင်ပြုပြင်ပေးနိုင်ပြီး မျက်စိအလင်း ရရှိနိုင်စွမ်းရှိပါတယ်။

လူနာများအပေါ် စမ်းသပ်ရလဒ်များအရ ဒီဆေးရည်နဲ့ ကုသခံထားရတဲ့ လူနာတွေဟာ သူတို့တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ကြယ်တွေ၊ လတွေ၊ မီးရှူးမီးပန်းတွေနဲ့ နောက်ဆုံးသူတို့ရဲ့ မိဘတွေကို မြင်တွေ့ခွင့်ရစေခဲ့ပါတယ်။ ဒီကုသမှုကြောင့် သူတို့အရင်က မလုပ်နိုင်ခဲ့တဲ့ စာဖတ်တာတွေ၊ အားကစားနဲ့ စက်ဘီးစီးတာတွေ၊ ညဘက် လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်တာတွေကို လုပ်နိုင်ခဲ့ပါတယ်။
 
အဆိုပါအဖွဲ့အစည်းမှ တာဝန်ရှိသူကတော့ ယနေ့ခွင့်ပြုပေးခဲ့တဲ့ ဒီဆေးရည်ဟာ နောင်ခါမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်များထုတ်ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ တခြားမျိုးရိုးဗီဇရောဂါများကို ကုသနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်တယ်လို့လည်းဆိုပါတယ်။

ဆေးရည်အပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်လာနေပေမယ့် ဒီဆေးရည်နဲ့ ပက်သက်ပြီး လုံခြုံစိတ်ချရမှုအပိုင်းနဲ့ ကုန်ကျစရိတ် စသည်ဖြင့် စဉ်းစားစရာအချက်တွေ ရှိနေပါသေးတယ်။ ဒီဆေးကို ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ မကြေငြာရသေးပေမဲ့ အနည်းဆုံး ဒေါ်လာ တစ်သန်းခန့်ရှိမယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။ ပထမဆုံးစမ်းသပ်တဲ့ ဆေးရည်ကို ထုတ်လုပ်တုန်းက ဒေါ်လာ ၄.၇ သန်းခန့် ကုန်ကျခဲ့ပါတယ်။



Follow us on