1. Home
  2. Good Morning Myanmar

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် Main Sponsor အဖြစ် Forever Group ကပံ့ပိုးကူညီသွားမည်

Good Morning Myanmar ธ.ค. 21, 2560 view 1,510
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ Main Sponsor အတွက်လက်ခံရေးနှင့်စိစစ်ရွေးချယ်ရေး ကော်မတီကိုတော့ ရုပ်ရှင်အစည်းအရုံးနာယကနဲ့ အမှုဆောင်(၅)ဦး ဖွဲ့စည်းပြီးရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Main Sponsor အဖြစ်လာရောက်တင်သွင်းတဲ့ Forever Group နဲ့ Bella ကုမ်္ပဏီ နှစ်ခုထဲကမှ စိစစ်ရွေးချယ်ရေးကော်မတီက Forever Group ကို Main Sponsor အဖြစ်လက်ခံရွေးချယ် လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
 
ဒီလိုရွေးချယ်မှုနဲ့ပတ်သက်ပြီး စိစစ်ရွေးချယ်ရေး ကော်မတီမှာပါဝင်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ နာယကတစ်ဦးဖြစ်တဲ့ ဦးစိုးမိုးက အခုလိုပဲပြောပါတယ်။Main Sponsor အဖြစ် အရွေးခံရခဲ့တဲ့ Forver Group အနေနဲ့လည်း အကယ်ဒမီဆု ရ ရုပ်ရှင်ဇာတ်ဝင်တေးတွေကို ပြန်လည်အသံသွင်းပြီး MTV အဖြစ်ရိုက်ကူးကာ ရုပ်သံနဲ့လူမှုကွန်ရက် စာမျက်နှာတွေမှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး လူကြိုက်အများဆုံးသီချင်းတွေကို အကယ်ဒမီပေးပွဲမှာ ဖျော်ဖြေသွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင်ဇကာတင်ရွေးချယ်ခံရတဲ့ ဇာတ်ကားတွေကို လျှောက်လမ်းမှာ ရုပ်ရှင်ပန်းချီများအဖြစ် ပြသသွားခြင်းအစရှိတဲ့အစီအစဉ်(၅)ချက်ကို လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
 
 
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ပံ့ပိုးကူညီမယ့်စပွန်ဆာကုမ်္ပဏီတွေကို နိုဝင်ဘာလကုန်ကစ လက်ခံပြီး ဒီဇင်ဘာလ(၁၅)ရက်မှာတော့ နောက်ဆုံးထားပေးပို့ခွင့်ပြုထား ခဲ့တယ်လို့သိရပါတယ်။ Main Sponsor အဖြစ်အရွေးချယ်ခံရတဲ့ Forver Group အနေနဲ့ အခမ်းအနားနေရာ၊အခမ်းအနားစင်မြင့်၊အခမ်းအနားအပြင်အဆင်တို့အတွက် ကုန်ကျစရိတ်အပါအ၀င် ရုပ်ရှင်အစည်းအရုံးကို လှူဒါန်းမည့် ငွေပမာဏတို့ပါဝင်မဲ့စာချုပ်နဲ့ အာမခံကြေးကျပ်သိန်း(၁၀၀) တင်သွင်းကာ ရုပ်ရှင်အစည်းအရုံးနဲ့ လုပ်ငန်းအကြို သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ လာမယ့်(၂၀၁၈)ခုနှစ်မတ်လမှာကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်အတွက် အရွေးချယ်ခံ ရုပ်ရှင်ဇာတ်ကားပေါင်း (၅၀)ကျော်ရှိနေတယ်လို့သိရပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2196572443702207/


Follow us on