1. Home
  2. Good Morning Myanmar

ရန်ကုန်က ကားမှတ်တိုင်တွေနဲ့ ပလက်ဖောင်းတွေ ပြင်ဆင်ဆောက်လုပ်မှု မကြာခင် စတင်တော့မည်

Good Morning Myanmar ธ.ค. 21, 2560 view 1,628
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကားမှတ်တိုင် အဆောက်အဦးတွေနဲ့ လူသွားလမ်း ပလက်ဖောင်းတွေ ပြင်ဆင် ဆောက်လုပ်မှုကို မကြာခင်စတင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။ရန်ကုန်မြို့ပေါ် အပါအ၀င်တိုင်းဒေသကြီးအတွင်းက ကားလမ်းတွေက မှတ်တိုင်နေရာ သတ်မှတ်ထားရှိထားပေမယ့် အများစုမှာ နေမိုးလုံကားစောင့်စီးလို့ရတဲ့ အဆောက်အဦး (Bus Stop)တွေမရှိလို့ခရီးသည်တွေကတော့ ဒီလိုအဆောက်အဦးတွေကို အလိုရှိနေကြတာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ယာဉ်ကြောကြပ်တည်းမှုတွေနဲ့အတူ လမ်းတွေမှာ လူသွားပလက်ဖောင်းတွေမရှိလို့ လမ်းလျှောက်သွားလာရတာ အန္တရာယ်ရှိတဲ့ အနေအထားတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ခရီးသွားပြည်သူတွေကဆိုပါတယ်။
 
 
ခုလို အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က ကားမှတ်တိုင်အဆောက်အဦးတွေမှာ ““ ကျေးဇူးပြု၍တန်းစီဖို့ ”” စနစ်ထားရှိပြီး ကားမှတ်တိုင်အဆောက်အဦးတွေ ဆောက်လုပ်ဖို့ အရေးတကြီး လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လက်ရှိ ရန်ကုန်က ကားမှတ်တိုင်တွေ ပြင်ဆင်ဆောက်လုပ် တာနဲ့အတူ လမ်းတွေမှာ လူသွားလမ်း၊ပလက်ဖောင်းတွေကိုလဲ တစ်ခါထဲ တိုးချဲ့လုပ်ဆောင်ဖို့ မကြာခင်စတင်တော့မှာ ဖြစ်တယ်လို့လဲ ၀န်ကြီးက ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ကားမှတ်တိုင်အဆောက်အဦတွေမှာ ခရီးသည်တွေ စနစ်တကျတန်းစီပြီး ယာဉ်ပေါ်တက်နိုင်ဖို့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိကို ပန်းပဲတန်းမြို့နယ်အမတ် ဦးသန်းနိုင်ဦးကမေးမြန်းခဲ့တာပါ။ မှတ်တိုင်အဆောက်အဦးတွေအနေနဲ့ လေဒဏ်မိုးဒဏ်ခံနိုင်ဖို့ လိုအပ်သလို အဓိကကျတဲ့အချက်ကတော့ ““ကျေးဇူးပြု၍ တန်းစီဖို့””စနစ်ကိုထားရှိဖို့လိုအပ်တယ်လို့လည်း ဦးသန်းနိုင်ဦးက ပြောပါတယ်။
 
 
ဒီအတွက်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ကားမှတ်တိုင်ဆောက်လုပ်ဖို့အတွက် တင်ဒါအောင်ထားပြီးပြီ ဖြစ်တဲ့ဘတ်စ်ကားမှတ်တိုင်ဆောက်လုပ်မယ့်ကုမ်္မဏီတို့က ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒ့ါပြင် ရန်ကုန်ဘတ်စ်ကားလောက ကစပယ်ယာနဲ့ကိုယ်ရကိုယ်ယူစနစ်ကိုဖျောက်ဖို့ကဒ်စနစ်ကိုလဲမကြာခင်မှာစတင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ၀န်ကြီးဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ဒီဇင်ဘာ (၁၅)ရက်က ပြောကြားခဲ့တာပါ။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2196560783703373/


Follow us on