1. Home
  2. Special or Others

၁၁ ထပ်အမြင့်က ပြုတ်ကျခဲ့ပေမယ့် သေနေ့မစေ့သေးသူအမျိုးသမီး (ရုပ်သံ)

Special or Others ธ.ค. 21, 2560 view 1,512

ဒီဇင်ဘာလ (၁၁)ရက်နေ့က တရုပ်နိုင်ငံအနောက်တောင်ပိုင်း ဂေါင်ဇီခရိုင်ရှိ ဟိုတယ် (၁၀)လွှာတွင် တည်းဖိုနေသူအမျိုးသမီးတစ်ဦး နံနက် ၇ နာရီခန့်တွင် အမူးလွန်ပြီး ပြုတ်ကျခဲ့ရာ ဟိုတယ်အောက်တွင် ရပ်ထားသော SUV ကားတစ်စီး၏ အမိုးပေါ်သို့ ပက်လက်အနေအထားနဲ့ ပြုတ်ကျခဲ့သည်။

ချစ်သူနဲ့ စကားများရန်ဖြစ်ပြီး လမ်းခွဲခဲ့ကြပြီးနောက် စိတ်ညစ်ကာ အပေါင်းအသင်းများနဲ့ သောက်စားနေချိန် အမူးလွန်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ဗီဒီယိုပုံရိပ်အရ အမျိုးသမီးမှာ ကားအမိုးပေါ်တွင် ပက်လက်အနေအထားနဲ့ တင်နေပြီး သတိလစ်မေ့မြောနေခဲ့ပြီး အရေးပေါ် ဆေးအကူအဖွဲ့များ ရောက်ရှိလာကာ ဆေးရုံတင်ပို့ပေးခဲ့ကြသည်။


သူမပြုတ်ကျသည့်အောက်တည့်တည့်တွင် ခရီးကြမ်းသွားကားတစ်စီးက ခံနေသည့်အတွက် သက်ရောက်မှုလျော့နည်းကာ ကံကောင်းစွာဖြင့် အသက်ရှင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအဖွဲ့က ပြောကြားခဲ့သည်။ ယခုအခါ အဆိုပါအမျိုးသမီး ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ရေသားဖော်ပြထားသည်။
 



Follow us on