1. Home
  2. Movie Stars - Celebrity

ကျန်းမာရေးကြောင့် ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးကော်မတီမှ ဦးဇာဂနာ နှုတ်ထွက်

Movie Stars - Celebrity ธ.ค. 22, 2560 view 1,430

ဟာသလူရွှင်တော် သရုပ်ဆောင်ဒါရိုက်တာ ဇာဂနာ(မောင်သူရ) ကျန်းမာရေးအခြေနေကြောင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးကော်မတီမှ နှုတ်ထွက်ရန် နှုတ်ထွက်စာ တင်ထားပြီဖြစ်ကြောင်း သိရှိရသည်။

သရုပ်ဆောင်ဇာဂနာသည် သည်းခြေအိတ်တွင် ကျောက်တည်သောကြောင့် ဝိတိုရိယဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး လက်ရှိတွင်လည်း ဆက်လက်ကုသနေရဆဲ ဖြစ်ကြောင်း သိရှိရသည်။ ကျန်းမာရေးကြောင့် “နေပဲလှော်” ရုပ်ရှင်ဇာတ်ကားကြီးမပါအဝင် တာဝန်ယူထားသော အနုပညာလုပ်ငန်းများကို ရွေ့ဆိုင်းထားရသည်။

ထို့အတွက် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရာတွင် သူ၏ကျန်းမာရေးကြောင့် ကြန့်ကြာမှုများ မဖြစ်လာစေရန် ယခုကဲ့သို့ နှုတ်ထွက်စာတင်လိုက်ကြောင်း သိရှိရသည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးကော်မတီတွင် ဝန်ကြီးဌါနမှ တာဝန်ရှိသူများအပါအဝင် ရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဦးဇာဂနာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး အစရှိသူတို့ပါဝင်သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဇာတ်ညွှန်းသစ် ပြန်လည်ရေးသားနေပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရိုက်ကူးကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် အပြီးသတ်ထုတ်လုပ်ပြသနိုင်ရန် ကြိုးစားနေကြောင်း သိရှိရသည်။
 



Follow us on