Payton Leutner ဆိုတဲ့ ကောင်မလေးဟာလည်း သူတို့နဲ့ သက်တူရွယ်တူဖြစ်ပြီး ဓားနဲ့ ၁၉ ချက်ထိုးကာ တောထဲမှာ ပစ်ထားခဲ့ကြပါတယ်။ သေစေနိုင်လောက်အောင် ပြင်းထန်တဲ့ ဓားဒဏ်ရာတွေ ရထားတဲ့ Leutner ဟာ တောထဲကနေ လမ်းမပေါ်ကို တွားသွားရင်း ကံကောင်းစွာနဲ့ပဲ စက်ဘီးစီးသမားတစ်ယောက်က တွေ့သွားပြီး အချိန်မီဆေးရုံတင်နိုင်ခဲ့တဲ့အတွက် အသက်ရှင်ခဲ့ပါတယ်။
လူသတ်မှုနဲ့ Anissa Weier ဟာ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရချိန်မှာ သူမရဲ့ ရှေ့နေက သူမဟာ စိတ်မမှန်တဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် အပြစ်မရှိကြောင်း အသနားခံခဲ့တဲံအတွက် ထောင်မကျခဲ့ပေမယ့် စိတ်ကျန်းမာရေးဆေးရုံမှာ ၂၅ နှစ်ထားဖို့ တရားသူကြီးက အမိန့်ချခဲ့ပါတယ်။
တရားခံရှေ့နေဖြစ်သူ Joseph Smith က Weler ဟာ စိတ်နယ်လွန်ဖြစ်ရပ်တွေ ကြုံတွေခံစားနေရပြီး တစ္ဆေပုံပြင်တွေထဲက Slender Man ဆိုသူရဲ့ အမိန့်အတိုင်း လုပ်နေသူဟု သူ့ကိုယ်သူ ထင်ယောင်ထင်မှား ဖြစ်နေကြောင်း၊ ခိုင်းတဲ့အတိုင်း မလုပ်ပါက Slender Man က သူ့မိသားစုတွေကို ထိခိုက်အောင်လုပ်မယ်လို့ ယုံကြည်နေကြောင်းကို တင်ပြခဲ့ပါ တယ်။
ဒီလူသတ်မှုဟာ ၂၀၁၄ ခုနှစ်က ဖြစ်ပျက်ခဲ့ပြီး ဒုတိယအဆင့် လူသတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ သုံးနှစ်တာမျှ အမှုရင်ဆိုင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အခုဆိုရင် Weier ဟာ အသက် ၁၆ နှစ်ပြည့်ခဲ့ပါပြီ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ တရားသူကြီး Michael Bohren ဟာ သူမကို ၂၅ နှစ်ခန့် စိတ်ကျန်းမာရေး ဆေးရုံမှာထားဖို့ အမိန့်ချခဲ့ပါတယ်။ သူမ အသက် ၃၇ နှစ်မရောက်ခင်အထိ ထိန်းသိမ်းခံထားရမှာပါ။ ဆုံးဖြတ် ချက်မချခင်မှာ Weler ဟာတရားသူကြီးကို သူမ ဒီကိစ္စဖြစ်ခဲ့တဲ့အတွက် တောင်းပန်ကြောင်းနဲ့ ဖြစ်ခဲ့တဲ့အရာအားလုံးအတွက် နောင်တရကြောင်းပြောခဲ့ပါတယ်။