1. Home
  2. Special or Others

ဝါယာရှော့ခ်ပေါက်ကွဲမှုနဲ့အတူ ဓါတ်တိုင်ထိပ်မှာတန်းလန်းငြိနေတဲ့ မီးပြင်သမား (ရုပ်သံ)

Special or Others ธ.ค. 26, 2560 view 1,723

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ ဂွီကျိုးပြည်နယ်ရဲ့မြို့တော် ဂီယန်းမှာ ယမန်နေ့က မီးပြင်သမားတစ်ဦးဟာ လျှပ်စီးဓာတ်တိုင်ကို တက်ပြင်နေစဉ် ရုတ်တရက် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် သတိမေ့ပြီး လေထဲမှာ တွဲလောင်း ဖြစ်နေခဲ့ပါတယ်။

မီးထလောင်ပေါက်ကွဲမှုကြောင့် သတိလစ်မေ့မျောပြီး ဓါတ်တိုင်မှာ တွဲလောင်းဖြစ်နေခဲ့ပေမယ့် အသက်ကယ်ခါးပတ် ၀တ်ထားခဲ့တဲ့အတွက် အသက်ရှင်ခဲ့ပါတယ်။ သူသတိမေ့နေစဉ် ဓါတ်တိုင်ထိပ်ဖျားမှာ မီးလောင်ကျွမ်းပြီး တွဲလောင်းချိတ်နေတဲ့ပုံကို လမ်းသွား လမ်းလာတစ်ဦးက အမိအရ ဗီဒီယိုရိုက်ယူထားနိုင်ခဲ့ပါတယ်။

အဆိုပါ မတော်တဆမှုကြောင့် အဲ့ဒီဒေသတစ်ဝိုက်လုံးက ဝါယာတွေအားလုံး ပျက်စီးသွားခဲ့ရပါတယ်။ ဒေသခံသတင်းဌာနက သူ့ကို မီးမလောင်ခင်ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာအနည်းငယ်သာရခဲ့ တယ်လို့ ရေးသားဖော်ပြထားပါတယ်။ မီးလောင်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူး လို့ဆိုပါတယ်။



Follow us on