1. Home
  2. Special or Others

စာဖတ်သူတိုးလာစေရန် မြေအောက်ရထားများပေါ်တွင် စာကြည့်တိုက်ထည့်သွင်းပြုပြင်

Special or Others ธ.ค. 26, 2560 view 1,483

တရုတ်နိုင်ငံ ဘေကျင်းမြို့မှာရှိတဲ့ မြေအောက်ရထားများကို ရွေ့လျားစာကြည့်တိုက်သဖွယ် ပြုပြင်ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာတော့ ရထားကြာကြာစီးရလို့ ဖြစ်ပေါ်လာတဲ့ ငြီးငွေ့စိတ်ကို လျော့ချပေးနိုင်ခဲ့ပါတယ်။

စာကြည့်တိုက်ပုံစံပြောင်းလဲထားပေမယ့် တစ်ကယ့်စာအုပ်တွေနေရာမှာ တရုတ်ဘာသာနဲ့ ဖတ်နိုင်တဲ့ မိုဘိုင်းအပလီကေးရှင်း အွန်လိုင်းစာအုပ်များကို ထားပေးထားတာဖြစ်ပါတယ်။ ယခုလိုပြောင်းလဲပြုပြင်ရတာကတော့ မြို့မှာရှိတဲ့ စာဖတ်သူဦးရေ တိုးပွားစေလိုတဲ့ ရည်ရွယ်ချက်လဲပါဝင်ပါတယ်။

ရထားမှာပါရှိတဲ့ နံရံတွေနဲ့ တံခါးတွေကို တကယ့်စာအုပ်စင်တွေနဲ့တူအောင် ပြင်ဆင်ထားပြီး စာကြည့်တိုက်တွေ ပုံစံအတိုင်းပဲ စာအုပ်တွေ ယူဖတ်လို့ရပါတယ်။ ဒါပေမဲ့ တကယ့်စာအုပ်တွေမဟုတ်တဲ့အတွက် ကိုယ်ဖတ်ချင်တဲ့ စာအုပ်အဖုံးမှာပါတဲ့ QR code ကို ဖုန်းနဲ့ scan  လုပ်ပြီး အခမဲ့ဖတ်ရှုနိုင်ပါတယ်။

အကောင်းဆုံး အချက်ကတော့ ကိုယ်ဖတ်နေတဲ့ စာအုပ်တွေအတွက်  ပြန်ပေးရမဲ့ ရက်စွဲမပါဘဲ ရထားပေါ်က ဆင်းသွားတဲ့တိုင်အောင် အလကားဖတ်လို့ရအောင် လုပ်ထားပေးပါတယ်။

အင်္ဂလိပ်နာမည် Get လို့အမည်ရတဲ့ တရုတ်မိုဘိုင်း အပလီကေးရှင်းဟာ ခရီးကြာကြာသွားနေချိန်မှာ သင့်ကို မပျင်းစေတော့တဲ့အပြင် ဗဟုသုတတွေ တိုးအောင်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ 



Follow us on