1. Home
  2. Special or Others

ညဘက် တရုပ်တန်းလမ်းဘေးဆိုင်တွင် ဒုတ်ထိုးစားနေသော သံဃာတော်ဗီဒီယိုပျံ့နှံ့

Special or Others ธ.ค. 26, 2560 view 1,671

ရန်ကုန်မြို့ရှိ (၁၇)လမ်း တရုပ်တန်းတွင် ညဘက်အချိန်ခါတွင် လမ်းဘေး၌ ဝက်သားဒုတ်ထိုး ထိုင်စားနေသော သံဃာတော်တစ်ပါးအား မေးမြန်းရိုက်ကူးထားသည့် ဗီဒီယိုအွန်လိုင်းပေါ်တွင် ပျံ့နှံ့လျှက်ရှိပြီး ဝေဖန်မှုများ မြင့်တက်လျှက်ရှိသည်။

ဗီဒီယိုတွင် မေးမြန်းဖြေကြားချက်အရ သံဃာတော်မှာ ကျိုင်တုံမြို့မှဖြစ်ပြီး ကျန်းမာရေးမကောင်းသဖြင့် ဒုတ်ထိုးစားခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပြီး သံဃာ့ဝန်ဆောင်ကတ်ပြားကိုလည်း ထုတ်ပြခဲ့သည်။
အဆိုပါဗီဒီယိုထဲတွင် အမျိုးသမီးတစ်ဦးက ကျန်းမာရေးကြောင့် စားတာကို နာလည်ခွင့်လွှတ်လိုက်ပါရန် မေတ္တာရပ်ခံနေသော အသံကိုလည်း ကြားခဲ့ရသည်။ သို့သော် ဗီဒီယိုရိုက်သူက ဆက်လက်ရှေ့တိုးကာ အဆိုပါ ဘုန်းကြီးနှင့် အမေးအဖြေပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ဗီဒီယိုကို Thet Oo Swe ဖေ့စ်ဘွခ်အကောင့်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဓါတ်ပုံများနဲ့တစ်ကွ တင်ထားခဲ့ပြီး ကြည့်ရှုဝေဖန်သူများပြားခဲ့သည်။

>> မူရင်းအကောင့်တွင် ဖတ်ရှုရန် <<
 



Follow us on