1. Home
  2. Special or Others

အကိုက်ခဲပျောက်ဆေး သယ်ခဲ့မိသော နိုင်ငံခြားသူကို မူးယစ်မှောင်ခိုမှုနဲ့ အီဂျစ်ဖမ်းဆီး

Special or Others ธ.ค. 26, 2560 view 1,501

အီဂျစ်နိုင်ငံက ရည်းစားဖြစ်သူထံ အလည်အပတ်သွားရောက်ခဲ့တဲ့ ဗြိတိသျှအမျိုးသမီးတစ်ဦးဟာ သူမရဲ့ခရီးဆောင်သေတ္တာထဲမှာ ပါရာစီတမော့လ် ကဲ့သို့ အကိုက်ခဲပျောက်ဆေးပြား (၂၉၀) သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိပြီးနောက်  အီဂျစ်ရဲအဖွဲ့က မူးယစ်ဆေးဝါးမှောင်ခို သယ်ဆောင်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် အရောင်းစာရေးလုပ်ကိုင်သူ Laura Plummer ဟာ ခါးနားဝေဒနာခံစားနေရတဲ့ သူမရဲ့ အီဂျစ်လူမျိုးရည်းစား Omar Abdel Aziz အတွက် အကိုက်အခဲပျောက်ဆေးကို သယ်ဆောင်ခဲ့ရာမှာ အီဂျစ်လေဆိပ် Hurghada မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အဆိုပါ အကိုက်ခဲပျောက်ဆေးအမျိုးစား (Tramadol) ဟာ အင်္ဂလန်နိုင်ငံမှယ တရားဝင်ခွင့်ပြုထားတဲ့ ဆေးဖြစ်ပေမယ့် အီဂျစ်နိုင်ငံမှာတော့ တားမြစ်ဆေးဖြစ်နေတာကို သူမအနေနဲ့ မသိပဲ ရည်းစားဖြစ်သူ အကိုက်ခဲသက်သာစေရန် သယ်ယူလာခဲ့တာဖြစ်ပါတယ်။

ဒီထက်ပိုဆိုးတာကတော့ တရားရုံးမှာ တရားသူကြီးဖြစ်သူက “မင်းဟာ အီဂျစ်နိုင်ငံကို တရားမဝင် Tramadol မူးယစ်ဆေးတွေ မှောင်ခိုသွင်းလာတာ ဟုတ်ပါသလား..?” ဆိုသည့် မေးခွန်းကို အီဂျစ်ဘာသာဖြင့် မေးမြန်းခဲ့ရာ လုံးစေ့ပတ်စေ့ နားမလည်ပဲနှင့် “ဟုတ်ပါတယ်” ဟု ချက်ခြင်း ပြန်ဖြေခဲ့ခြင်းဖြစ်သည်။ တရားသူကြီးက သူမ၏ ထွက်ချက်ကို ချက်ခြင်းမှတ်တမ်းတင်ခဲ့ပါတယ်။


အဲ့ဒီနောက်မှာ စကားပြန်ကို ပြန်မေးကြည့်တဲ့အခါကျမှ သေချာစွာသိရပြီး သူမဆိုလိုသည်မှာ အကိုက်ခဲပျောက်ဆေးများကို သယ်လာတာတော့မှန်ပါတယ် မူးယစ်ဆေးဝါးမှောင်ခိုကူးတာ မဟုတ်ပါဘူးဟု ပြန်ပြင်လျှောက်ထားခဲ့သော်လည်း အချိန်နှောင်းခဲ့ပြီး တရားသူကြီးက တရားခံဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ရေးသွင်းခဲ့ပါတယ်။

သူမ၏ ရှေ့နေဖြစ်သူက Plummer အနေနဲ့ တရားရုံးမှာ ချက်ခြင်းကြီး ဟုတ်ပါတယ်ဆိုတဲ့ အဖြေ တရားသူကြီ:ကို ချက်ခြင်းကြီး ပြန်မဖြေသင့်ကြောင်း ပြောဆိုခဲ့ပြီး လျှောက်လဲချက်ပြင်ဆင်ရေးကို ကြိုးပမ်းနေရပြီဖြစ်ပါတယ်။

Plummer ၏ ရည်းစားဖြစ်သူက သူမအနေနဲ့ ဒီဆေးတွေကို သူ့အတွက်သယ်လာမယ်ဆိုတာ ကြိုမသိခဲ့ကြောင်းနဲ့ သူ့ချစ်သူကို ဒီနိုင်ငံမှာ ထောင်ကျမခံနိုင်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ Read Sea မြို့မှာ အမျိုးသမီးအကျဉ်းထောင် မရှိတာကြောင့် Plummer ကို ရဲစခန်းထဲက အချုပ်ခန်းထဲမှာပဲ ခတ္တချုပ်ထားပြီး အိပ်ယာမရှိပဲ ကြမ်းပြင်ပေါ်မှာသာ အိပ်စက်နေရကြောင်း သိရှိရပါတယ်။
Plummer ဟာ ၂၀၁၄ ခုနှစ်တုန်းက အီဂျစ်နိုင်ငံ Sharm El Sheikh မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ Abdel Aziz နဲ့ဆုံဆည်းပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ တရားဝင်လက်ထပ်ထားကြသူတွေ မဟုတ်ပေမယ့်လည်း မိတ်ဆွေအပေါင်းသင်း အားလုံးက လင်မယားအဖြစ် အသိမှတ်ပြုထားကြတဲ့ စုံတွဲဖြစ်ပါတယ်။ Plummer က အီဂျစ်ကို တစ်နှစ်မှာ နှစ်ခေါက်သုံးခေါက် Abdel Aziz ဆီ လာရောက်လေ့ရှိပါတယ်။
 



Follow us on