1. Home
  2. Special or Others

ခရစ္စမတ်အမှတ်တရ ကြိုးချည်ခုန်ချကစားနည်းခဲ့တဲ့ စုံတွဲ ရေခဲပြင်နှင့်ရိုက်မိ (ရုပ်သံ)

Special or Others ธ.ค. 26, 2560 view 1,473

ရုရှားနိုင်ငံမှ စုံတွဲတစ်တွဲဟာ ခရစ္စမတ်နေ့ အမှတ်တရအဖြစ် ခြေထောက်မှာကြိုးချည်ပြီး အမြင့်မှ ခုန်ချရသည့် (bungee jumping) ကစားနည်းကို ပေ ၈၀ မြင့်သော တွမ်မြစ်ကူးတံတားပေါ်မှ ခုန်ချခဲ့ရာ ရေခဲနေသော မြစ်ပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

စုံတွဲနှစ်ဦး၏ အမည်ကို ဖော်ပြထားခြင်းမရှိပဲ နှစ်ဦးစလုံးမှာ အရေးပေါ် စိုးရိမ်ရသောအခြေအနေနဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှာတင်ထားခဲ့ရကြောင်း သိရှိရသည်။
သတင်းနှင့်အတူ ပါရှိသော ဗီဒီယိုအရ တံတားပေါ်မှ ခုန်မချမီ စုံတွဲနှစ်ဦး တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ရယ်မောနေခဲ့ကြသည်။

ခုန်ဆင်းခဲ့သော ကြိုးအရှည် တွက်ဆမှုမှားယွင်းခဲ့သဖြင့် မြစ်ပြင်ပေါ် လွှဲသွားရမည့်အစား ကြိုးကပိုရှည်နေသဖြင့် ရေခဲပြင်ပေါ်သို့ နှစ်ဦးစလုံး ပြုတ်ကျပြီး ရိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့ပြီးနောက် စီစဉ်ပေးသူ Mikhail Kholbutaev ကိုဝိုင်းဝန်းပြစ်တင်ဝေဖန်လျှက်ရှိ ပေါ့ဆမှုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့အထက် ကျခံရဖွယ်ရှိကြောင်း သိရှိရသည်။
 



Follow us on