1. Home
  2. Myanmar News

ရန်ကုန်ရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်

Myanmar News ธ.ค. 27, 2560 view 1,448

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများသို့ သဘာဝဓါငွေ့ပေးပို့လျှက်ရှိသော ရတနာသဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ တစ်စိတ်တစ်ပိုင်း ရပ်နားမှုကို ဒီဇင်ဘာ (၂၇) မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ (၂)ရက်နေ့ထိ ခေတ္တပြုလုပ်မည်ဖြစ်သောကြောင့် မြို့နယ်အချို့တွင် အချိန်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကောပိုရေးရှင်းမှ အသိပေးထုတ်ပြန်ခဲ့သည်။

ရတနာသဘာဝဓါတ်ငွေ့ပိုက်လိုင်း တစ်စိတ်တစ်ပိုင်း ခေတ္တရပ်နားမှုပြုလုပ်သော နေ့ရက်များတွင် လျှပ်စစ်ဝန်အား အများဆုံးအသုံးပြုသည့် နံနက် ၉ နာရီမှ ၁၀ နာရီထိ တစ်ကြိမ်၊ ညနေ ၅ နာရီမှ ၇ နာရီထိ တစ်ကြိမ် လှိုင်သာယာပင်မဓါတ်အားလိုင်း အချို့အား ဖီဒါအလိုက် ဝန်အားလျှော့ချမှုများရှိနိုင်၍ ရန်ကုန်မြောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် အချိန်ပိုင်းယာယီ ဓါတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရပြီး ဓါတ်အားပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများကို နားလည်ခွင့်လွှတ်ပေးပါရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

 



Follow us on