1. Home
  2. Special or Others

ခရစ္စမတ်မှာ ဘုရားသခင်ကယ်တင်လိုက်ရတဲ့ အဖိုးအဖွားစုံတွဲ

Special or Others ธ.ค. 27, 2560 view 1,405

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အဖိုးအဖွားဇနီးမောင်နှံကို မျက်နှာဖုံးစွပ် သေနတ်သမားတစ်ဦးက ဓါးပြတိုက်ခဲ့ပြီး ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်ခဲ့သော်လည်း ဘုရားသခင်၏ ကယ်မမှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ခရစ္စမတ်နေ့မတိုင်မီ ညပိုင်းက ဖြစ်ပျက်ခဲ့သည်။

Brian နဲ့ Otwina ဇနီးမောင်နှံနှစ်ယောက်ဟာ Victoria, Melboirne ရဲ့ အနောက် ဘက်မှာရှိတဲ့ Sunshine City Club မှာ ခရစ်စမတ်ပါတီကျင်းပဖို့ သွားနေချိန်မှာပဲ ဓားပြတိုက်ခံခဲ့ရပါတယ်။

အဲ့ဒီ ဓားပြဟာ ပထမဆုံး Briam ကို သူ့ရဲ့သေနတ်ထောင်ပြပြီး ပါတီကျင်းပ ဖို့ပြုလုပ်ထားတဲ့ အခန်းသော့ကို ပေးဖို့ တောင်းဆိုခဲ့တယ်လို့ 9News  သတင်းအရ သိရပါတယ်။ ဒါပေမဲ့ သတ္တိကောင်းတဲ့ Brian ဟာ မတုန်မလှုပ်ပဲ သူ့ရဲ့တောင်းဆိုချက်ကို ငြင်းဆန်တဲ့အတွက် သေနတ်သမားဟာ နောက်ဆုတ်ပြီး သူ့ရဲ့ ခေါင်းကို သေနတ်နဲ့ ချိန်ထားခဲ့ပါတယ်။

သေနတ်သမားဟာ  Brian ရဲ့ နဖူးကိုချိန်ထားပြီး နှစ်ကြိမ်တိုင်တိုင်ပစ်ခဲ့သော်လည်း ကံကောင်းစွာနဲ့ပဲ နှစ်ကြိမ်လုံး ကျည် အ သွားတဲ့အတွက် အသက်ဘေးမှ လွတ်ခဲ့ပါတယ်။ Brian ဟာ သေနတ်ဂျမ်းဖြစ်သွားတဲ့ အသံကို မိမိမျက်စိရှေ့မှာတင်ကြား လိုက်ရတဲ့အတွက် ထိတ်လန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

မျက်နှာဖုံးစွတ်ထားတဲ့ သေနတ်သမားဟာ Brian အပေါ် လက်လျော့ပြီး သူ့ဇနီး Otwina  ကို သေနတ်နဲ့ချိန်ကာ တောင်းဆိုခဲ့ပြီး သူ့မိန်းမကလည်း ထပ်တူပဲ ငြင်းခဲ့တယ်လို့ဆိုပါတယ်။ Otwina ကလည်း သတ္တိရှိရှိနဲ့ပဲ ပစ်လိုက်လို့ ပြောခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

Brian ဟာ သူ့မိန်းမကို ကယ်ဖို့အတွက် ကြားဝင်ခံလိုက်တဲ့အခါမှာ သေနတ်သမားက သူ့မျက်နှာကို သေနတ်ဒင်နဲ့ ရိုက်ခဲ့တဲ့အတွက် အရိုးအက်သွားခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်မှာပဲ အနားမှာရှိတဲ့ ကားမှ ရုတ်တရက် အချက်ပေးသံ ထမြည်တဲ့အတွက် သေနတ်သမားထွက်ပြေးသွားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ Otwina ကတော့ ဒါကတော့ သူတို့ရခဲ့သမျှထဲမှာ အကောင်းဆုံးခရစ်စမတ်လက်ဆောင် လို့ ပြောပြခဲ့ပါတယ်။

အမှုစစ် Andy Aries ကတော့ CCTV  မှ ဓားပြဟာ သူ့သေနတ် jam မဖြစ်ခင်မှာ Brian ကိုပစ်ခဲ့တာကို သက် သေပြနေတယ်ကြောင်းနဲ့ ဓားပြထွက်ပြေးလွတ်မြောက်ဖို့ ကူညီပေးနေသူ နောက်ထပ်တစ်ယောက်ရှိနေကြောင်း ပြောပြခဲ့ပါတယ်။ Mr Aries က သူ့လူတွေနဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ ဒီကိစ္စကိုဖြေရှင်းဖို့ အကောင်းဆုံးကြိုးစားနေ တယ်လို့ဆိုခဲ့ပါတယ်။ 



Follow us on