ယခုတစ်ပတ် လာလီဂါနဲ့ စီးရီးအေပွဲစဉ်တွေမှာ ရာသီအစကနေ ရှုံးပွဲမရှိစံချိန်တွေနဲ့ တောက်လျောက် ခြေစွမ်းပြလာခဲ့တဲ့ ဗလင်စီယာနဲ့ အင်တာမီလန်အသင်းတို့ ထိပ်မံရှုံးပွဲတွေ့ကြုံခဲ့ပြီး (၂)ပွဲဆက် အရှုံးရလဒ်နဲ့ရင် ဆိုင်ခဲ့ရပါတယ်။ဗလင်စီယာအသင်းဟာ ပွဲစဉ်(၁၄)ထိ လာလီဂါမှာ ရှုံးပွဲမရှိစံချိန်နဲ့ ရလဒ်တွေဆက်တိုက်ကောင်းမွန်ခဲ့တဲ့ အသင်းဖြစ်ပေမယ့် ယခုတစ်ပတ်ပွဲစဉ်(၁၇)မှာလည်း ဗီလာရီးယဲယ်အသင်းကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်ခဲ့ပြီး နောက် ဆုံး(၄)ပွဲမှာ (၃)ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ဗလင်စီယာအသင်းဟာ ရှုံးပွဲမတွေ့ခင်ယှဉ်ပြိုင်ကစားခဲ့ တဲ့ပွဲစဉ်(၁၃)ပွဲမှာနိုင်ပွဲ(၉)ပွဲထိရှိခဲ့ပြီး သရေ(၄)ပွဲရှိခဲ့ပါတယ်။ ရာသီအစကတည်းက ဂိုးသွင်းနှုန်းကောင်းကောင်း နဲ့ အသင်းတိုင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဗလင်စီယာအသင်းဟာ ပွဲစဉ်(၁၄)အဖြစ် ဂီတာဖေးလ်အသင်းနဲ့အဝေး ကွင်းပွဲစဉ်မှာတော့ (၁)ဂိုး၊ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲစဉ်(၁၅)အဖြစ် ဆဲလ်တာဗီဂိုအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်ရခဲ့ ပေမယ့် နောက်ဆုံး(၂)ပွဲဆက်ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ ပွဲစဉ်(၁၆)မှာ အီဘာအသင်းကို အဝေးကွင်းမှာပဲ (၂)ဂိုး၊ (၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးယခုတစ်ပတ် ပွဲစဉ်(၁၇)မှာ ဗီလာရီးယဲယ်အသင်းကို အိမ်ကွင်းမှာ ထပ်မံရှုံးနိမ့်တာဖြစ်ပါတယ်။ ဗလင်စီယာအသင်းဟာ ရီးယဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်အသင်းတွေကို မရှုံးနိမ့် အောင်ကစားနိုင်ခဲ့ပေမယ့် အလယ်အလတ်အသင်းတွေနဲ့အတွေ့မှာ ရှုံးပွဲတွေကြုံတွေ့ခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၂)နေရာကနေ အဆင့်(၃)နေရာကိုဆင်းပေးလိုက်ရပါတယ်။
.JPG)
စီးရီးအေပြိုင်ပွဲမှ အင်တာမီလန်အသင်းကလည်း ပွဲစဉ်(၁၆)ထိရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဇယားကိုဦး ဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး(၂)ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး အဆင့်(၃)နေရာထိရောက်ရှိသွားခဲ့ပါတယ်။ အင်တာမီလန် အသင်းဟာ ရာသီအစကနေ တောက်လျောက်ရလဒ်တွေကောင်းမွန်ခဲ့သလို အသင်းကြီးတွေဖြစ်တဲ့ ရိုးမား၊ နာပိုလီ၊ ဂျူဗင်တပ်စ်၊ အေစီမီလန်အသင်းတို့နဲ့ပွဲစဉ်တွေမှာ နိုင်ပွဲ(၂)ပွဲ၊သရေ(၂)ပွဲထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ ပွဲစဉ်(၁၆)မှာ အူဒီးနိစ်လိုအသင်းကို အိမ်ကွင်းမှာပဲ (၃)ဂိုး၊(၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန် ရိုက် ချိုးခံခဲ့ရပါတယ်။ ဒါ့အပြင် ပွဲစဉ်(၁၇)မှာလည်း ဆက်ဆူအိုလို လိုတန်းဆင်းဇုန် ၀န်းကျင်မှာ ကျင်လည်နေတဲ့ အသင်းကို အဝေးကွင်းမှာ (၁)ဂိုး၊ဂိုးမရှိနဲ့ ထပ်မံရှုံးနိမ့်ခဲ့ပြီး ချန်ပီယံအိမ်မက်ပါ ဝေကွားခဲ့ရပါတယ်။

စီးရီးအေပြိုင် ပွဲဟာ ယခုနှစ်ဥရောပထိပ်တန်းအမှတ်ပေးပြိုင်ပွဲတွေထဲမှာ အကြိတ်အနယ်အရှိဆုံးဖြစ်ပြီး အမှတ်ပေးဇယားထိပ် ကအသင်းတွေကြားမှာ အမှတ်ကွာဟမှုကျဉ်းမြောင်းနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် (၂)ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ အင် တာမီလန်အသင်းကလည်း နာပိုလီ၊ ဂျူဗင်တပ်စ်တို့ရဲ့ကျော်တက်ခြင်းကိုခံခဲ့ရပြီး အမှတ်ပေးဇယားထိပ်က နာပို လီအသင်းနဲ့ (၅)မှတ်ကွာ အဆင့်(၃)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။