1. Home
  2. Special or Others

အပျော်စီးသင်္ဘောကြီးပေါ်တွင် ခရီးသည်ရာနဲ့ချီ ထူးဆန်းစွာ နာမကျန်းဖြစ်

Special or Others ธ.ค. 27, 2560 view 1,585

Royal Caribbean လို့အမည်ရတဲ့ ခရီးသည်တင်သင်္ဘောဟာ သင်္ဘောပေါ်မှာတင်ဆောင်လာခဲ့တဲ့ လူအ ယောက် ၃၀၀ ကျော် ထူးဆန်းစွာ နာမကျန်းဖြစ်မှုကြောင့် ထွက်ခွာရာဆိပ်ကမ်းသို့ ပြန်လှည့်လာခဲ့ရပါတယ်။

သင်္ဘောမှာ စီးနင်းလိုက်ပါလာခဲ့တဲ့ ခရီးသည်တစ်ယောက်ကတော့ လူတွေအများကြီး တစ်နေရာထဲမှာ စုပြုံပြီး အန်နေတာ၊ ၀မ်းလျောနေတာကို မြင်လိုက်ရတဲ့အတွက် အလွန်ကိုထိတ်လန့်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ခရီးသည် ရာပေါင်းများစွာဟာ အစာအိမ်ဝေဒနာ ခံစားခဲ့ရပြီး နားမကျန်းဖြစ်ခဲ့ကြတဲ့အတွက် ဖလော်ရီဒါသို့ ပြန်လှည့်လာခဲ့ရပါတယ်။

သတင်းပေးပို့မှုများအရ ၅ ရက်အတွင်းမှာပဲ လူအယောက်ပေါင်း ၃၃၂ ယောက်ခန့် နာမကျန်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ Royal Caribbean မှ ပြောဆိုခွင့်ရှိသူ Owen Torres ကတော့ ဒီနာမကျန်းဖြစ်မှုဟာ သဘောင်္ပေါ်မှာ စီးနင်းလိုက်ပါ လာတဲ့ ခရီးသည် ငါးထောင်ကျော်နဲ့စာရင် ၅.၉၉ ရာခိုင်နှုန်းသာရှိတယ်လို့တရားဝင်ထုတ် ဖော်ပြောကြားခဲ့ပါတယ်။

Torres ဟာ ဒီလိုမျိုး ခဏတဖြုတ်သာဖြစ်တတ်တဲ့  ဖျားနာမှုကို သူတို့သဘောင်္ရဲ့ ဆရာဝန်တွေနဲ့ ကုပေး ထားပြီး မကြာခင်မှာပဲ ခရီးသည်အားလုံး သက်သာလာဖို့ မျှော်လင့်မိကြောင်း ပြဿနာဖြစ်ရတဲ့အကြောင်း ရင်းကို အခုအချိန်ထိမတွေ့သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ခရီးသည်တစ်ချို့ကတော့ ဖျားနာခဲ့တဲ့ လူဦးရေဟာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ လူဦးရေထက် ပိုများတယ်လို့ ယုံကြည်ကြပါတယ်။ အခြား ခရီးသည်တစ်ဦးရဲ့ ပြောဆိုချက်အရ သဘောင်္ပေါ်မှာ ဆေးခန်းတောင် မသွားနိုင်တဲ့ ခရီးသည်တွေ အများ ကြီးကျန်သေးတယ်လို့ သိရပါတယ်။

သတင်းပေးပို့ချက်တွေကြောင့် Torres ဟာ ကျန်းမာရေးဂရုစိုက်မှုတွေကို အရှိန်အဟုန်နဲ့ စတင်ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ လက်ရှိမှာ သဘောင်္ကို နောက်ထပ်ခရီးစဉ်တစ်ခုအတွက် အထူးသန့်ရှင်းရေး တွေပြုလုပ်နေကြောင်း သိရှိရပါတယ်။



Follow us on