1. Home
  2. Special or Others

မျက်နှာနှစ်ဖက်ဖြင့်ကြောင်လေးတစ်ကောင် တောင်အာဖရိကတွင်မွေးဖွား (ရုပ်သံ)

Special or Others ธ.ค. 27, 2560 view 1,612

ထူးဆန်းစွာဖြင့် မျက်နှာနှစ်ဖက်ပါသော ကြောင်လေးတစ်ကောင်ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့က တောင်အာဖရိကနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ကောင်လေးရဲ့ အမည်ကိုတော့ Battie Bee လို့ ပေးထားပါတယ်။


ကြောင်လေး သုံးကောင်မွေးလာတဲ့အထဲမှာ ‘Battie Bee’ က နှာခေါင်းနှစ်ခု၊ ပါးစပ် နှစ်ပေါက်နဲ့ မျက်လုံးသုံးလုံးပါရှိတဲ့ ထူးထူးခြားခြား ကြောင်မလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြောင်လေးကို အထူးစောင့်ရှောက်ရေးဂေဟာမှာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ကြောင်လေးရဲ့ ကျန်းမာရေးအခြေအနေ ပုံမှန်အတိုင်းရှိနေပါတယ်။


ပုံမှန်အားဖြင့် ယခုလိုအခြေအနေရှိတဲ့ သတ္တဝါတွေဟာ အသက်ရှုခက်ခဲခြင်း၊ အစားစားရန်ခက်ခဲခြင်း အခြေနေတို့နဲ့ ကြုံရတဲ့အတွက် မွေးပြီးသိပ်မကြာခင်မှာပဲ သေဆုံးသွားတတ်ကြပါတယ်။

ယခင်ကလည်း ယခုလိုမျိုးမျက်နှာနှစ်ဖက်နဲ့ ကြောင်တစ်ကောင် ရှိခဲ့ပြီး အသက်ရှည်ဆုံး မျက်နှဦနှစ်ဖက်ပါကြောင်အဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားခဲ့ဖူးပြီး သက်တမ်း ၁၅ နှစ်ထိ အသက်ရှင်ခဲ့ပါတယ်။


 



Follow us on