1. Home
  2. Good Morning Myanmar

တစ်ပတ်အတွင်း ကားစလစ်ဈေးကျပ်သိန်း(၂၀)၀န်းကျင် ပြန်လည်ကျ ဆင်းပေမယ့် စလစ်ရှားပါးနေဆဲ

Good Morning Myanmar ธ.ค. 27, 2560 view 1,587
မြန်မာ့ကားဈေးကွက်မှာ တစ်ပတ်အတွင်း ကားစလစ်ဈေးကျပ်သိန်း(၂၀) ပြန်လည်ကျဆင်း သွားပေမယ့် စလစ်ကတော့ ရှားပါးနေဆဲပဲဖြစ်တယ်လို့ ကားဈေးကွက်မှ သိရပါတယ်။မြန်မာ့ကားဈေးကွက်မှာ ခုဒီဇင်ဘာ(၁၆)ရက်ကစလို့ တစ်ပတ်အတွင်း ကားစလစ်ဈေးကျပ်သိန်း(၂၀)၀န်းကျင် ပြန်လည်ကျဆင်းသွားတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင် နေသူတွေက ဒီဇင်ဘာ(၂၂)ရက် ဈေးကွက်အရ ပြောပါတယ်။၂၀၁၇ခုနှစ်ကားတင်သွင်းခွင့်မူဝါဒနဲ့ လိုင်စင်လျှောက်ထားတာတွေကို ဒီဇင်ဘာ(၁၅)နေ့ထိနောက်ဆုံးထားခွင့်ပြုတော့မယ်လို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီးနောက် ဒီမူဝါဒနဲ့တင်သွင်းထားတဲ့ ကားတွေကို လိုက်စင်အပြီးလျှောက်ထားရတော့မှာဖြစ်လို့စလစ်ဝယ်လိုအားနဲ့အတူ ကားစလစ်ဈေး ကလဲ မြင့်တက်လာခဲ့တာပါ။
 
 
ဒါ့ကြောင့် ဒီဇင်ဘာ(၁၄)ရက်၊ (၁၅)ရက်နေ့တွေမှာ စလစ်ဈေးဟာ ကျပ် ၄၅ သိန်းဝန်းကျင်ထိ စံချိန်တင်မြင့်တက်ခဲ့တာပါ။ အဲဒီနောက်ပိုင်း တဖြည်းဖြည်းပြန် လည်ကျဆင်းခဲ့ ရာကနေ လက်ရှိမှာတော့ ကျပ်သိန်း(၁၂၀)ကျော်ဈေးပေါက်နေပြီး ကျပ်သိန်း(၂၀) ၀န်းကျင် ပြန်လည် ကျဆင်းလာခဲ့တာပါ။စလစ်ဈေးကျဆင်းလာခဲ့ပေမယ့် စလစ်နဲ့ အပ်ကားတွေဟာလဲ ဈေးကွက်အတွင်း လိုအပ်သလိုဝယ်လို့ မရသေးလို့ ရှားပါးနေသေးတယ်လို့လဲ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
 
 
၂၀၁၈ခုနှစ်ကားတင်သွင်းဖို့ မော်ဒယ်သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ရက်က တရားဝင်ထုတ်ပြန်လိုက်ပြီးနောက် တစ်ရက်အတွင်း စလစ်ဈေးဟာ ကျပ်(၁၅) သိန်းဝန်းကျင်မြင့်တက်ခဲ့သလို စလစ်သက်တမ်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်ဈေးအဖြစ် ကျပ်သိန်း(၁၄၀)ခန့်ထိရောက်ရှိခဲ့တာပါ။အဲဒီနောက်တဖြည်းဖြည်းနဲ့ ကျပ်သိန်း(၁၂၀)၀န်းကျင် ပြန်လည်ကျဆင်းခဲ့ပေမယ့် ၂၀၁၇ခုနှစ်ကားတင်သွင်းခွင့် မူဝါဒနဲ့လိုင်စင်လျှောက်ထားတာတွေကို ဒီဇင်ဘာ(၁၅)နေ့ထိနောက်ဆုံးထားခွင့်ပြုတော့မယ်လို့ ထုတ်ပြန်လိုက်ပြီးတဲ့နောက် ဒီဇင်ဘာ(၁၅)ရက် နေ့မှာ ကျပ်(၁၄၅)သိန်းခန့်ထိရောက်ရှိခဲ့ပြီး စံချိန်ထပ်မံချိုးခဲ့ တာပါ။ဒီနှစ်အတွင်း စလစ်ဈေးဟာ စလစ်သက်တမ်းတစ်လျှောက် ဈေးအမြင့်ဆုံးစံချိန်နှစ်ခါချိုးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ(၁၅)ရက်နေ့မှာတော့ စလစ်ဈေးဟာ ကျပ်(၁၄၅)သိန်းခန့် ပထမစံချိန်ကို ထပ်မံချိုးပြီး ဈေးအမြင့်ဆုံး ရောက်ရှိခဲ့တာပါ။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2204900969536021/


Follow us on