1. Home
  2. Special or Others

လဘော်ဂနီကားကိုမှ တည့်တည့်ဝင်စောင့်မိခဲ့တဲ့ နွမ်းပါးဆင်းရဲသူ

Special or Others ธ.ค. 27, 2560 view 1,781

သန်းကြွယ်သူဌေးတစ်ဦး ကိုယ်တိုင်မောင်းနှင်လာသော ကမ္ဘာ့ဈေးအကြီးဆုံး ကားများထဲမှာ ထိတ်တန်းစာရင်းဝင်တဲ့ လဘော်ဂနီပြိုင်ကားကို ငါးစိမ်းရောင်းသူ လင်မယား၏ ကားအဟောင်းအစုတ်လေးက အနောက်မှဝင်ဆောင့်မိခဲ့သည့် ဖြစ်စဉ်တစ်ခု ထိုင်းနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်။

ဝင်တိုက်မိပြီးသည်နှင့်တစ်ပြိုင်နက် ငါးစိမ်းရောင်းသူ လင်မယားမှာ လဘော်ဂနီကားကို ကြည့်ပြီး သူမေ့မျောသွားမတတ်လောက်အောင် တုန်လှုပ်ခြောက်ခြားသွားသည်။ သူတို့နှစ်ဦးမှာ တစ်နေ့လုပ်မှ တစ်နေ့စားရသော ဆင်းရဲလွန်သူများဖြစ်ကြသဖြင့် သူတို့၏ ကားကို ကောင်းကောင်းမပြုပြင်နိုင်သလို အာမခံထားရှိခြင်းခဲ မရှိချေ။

ယခုယာဉ်မတော်တဆမှုကြောင့် သူတို့၏ ကားကို အသင့်အတင့်ပြန်လည်ပြုပြင်ရန် အလုပ်အတော်ကြိုးစားရမည်ဖြစ်ပြီး လဘော်ဂနီပြိုင်ကားအတွက် လျော်ကြေးပေးရန်အတွက်မူ နှစ်အတော်ကြာ အလုပ်ကြိုးစားရမည်ဖြစ်သည်။

သူတို့လင်မယားက သူဌေးကို အနူးညွတ်တောင်းပန်ကာ လျော်ကြေးကိုလည်း အရစ်ကျဆပ်သွားပါမည်ဟု ပြောဆိုခဲ့သည်။ သို့သော်သူဌေးဖြစ်သူက သူတို့ပေးလျော်ရမည့် ငွေကြေးများကို လျော်စရာမလိုဟု ပြောဆိုကာ လျော်ပစ်ခဲ့ပြီး အနီးနားရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ထိုင်ဘတ်ငွေ ၃၀၀၀ သာ သူ့အတွက် လှူပေးရန် ပြောဆိုခဲ့သည်။

အဆိုပါသတင်းကို ကြားရသူတိုင်း သူဌေးဖြစ်သူ၏ လူသားဆန်သော၊ စာနာနားလည်သော စိတ်ကို ဝိုင်းဝန်း ချီးကျူးကြသည်။
 



Follow us on