1. Home
  2. Special or Others

ဆေးရုံများတွင် သကြားပါဝင်သော ဖျော်ရည်ရောင်းချမှုကို တားမြစ်

Special or Others ธ.ค. 28, 2560 view 1,549

အင်္ဂလန်နိုင်ငံမှာရှိတဲ့ ဆေးရုံစားသောက်ဆိုင်တွေမှာ သကြားများတဲ့ အချိုရည်တွေဖြစ်တဲ့ ကော်ဖီနဲ့ အခြားအ ချိုရည်တွေကို ရောင်းချခွင့် ပိတ်ပင်တော့မယ်လို့ အင်္ဂလန်အမျိုးသားကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအဖွဲ့ကတော့ ဆေးရုံ စားသောက်ဆိုင်တွေနဲ့ ဆေးဝါးထောက်ပံ့ရေးစင်တာတွေမှာ ဒီအချိုရည်တွေကို တစ်ဆယ်ရာခိုင်နှုန်းအောက် လျော့မရောင်းရင် ရောင်းချခွင့်ပိတ်ပင်မယ်လို့ သတိပေးခဲ့ပါတယ်။

တားမြစ်မှုတွေကို ဂျူလိုင်လအစောပိုင်းလောက်မှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး မတ်လအကုန်မှာ စတင်အ ကောင်အထည်ဖော်မယ်လို့ သိရပါတယ်။ ဒီလိုရောင်းချမှုကို ပိတ်ပင်ရာမှာတော့ အပြစ်ပေးမှုနဲ့ ပက်သက်တဲ့ စည်းကမ်းတွေကို မသတ်မှတ်ထားသော်လည်း ရောင်းချခဲ့လျှင် အခြားအချိုရည်ရောင်းချခွင့်တွေကိုပါ ပိတ်သိမ်းမယ်လို့ ကျန်းမာရေးအဖွဲ့ဝင်တွေက သတိပေးထားခဲ့ပါတယ်။

အခြားအဖွဲ့ အတော်များများကတော့ အချိုရည် ရောင်းချမှုကို လုံးဝပိတ်ပင်ဖို့ အကြံပေးခဲ့ကြပြီး ဆေးရုံတော်တော်များများကလည်း ဒီအကြံညဏ်ကို ၂၀၁၈ ခုနှစ်မှာ အပြီးသတ်အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြပါတယ်။ အစိုးရအခွန်ကောက်ခံရေးအဖွဲ့ကတော့ နောက်တစ်နှစ် အတွင်းမှာ အချိုရည်တွေရဲ့ ဈေးနှုန်းတွေကို တိုးဖို့ ဆုံးဖြတ်ထားပါတယ်။

အမျိုးသားကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ရဲ့ ပြောဆိုချက်အရ မစ်ရှိတ်တွေ၊ ကော်ဖီပူနဲ့ ချောကလက်ဖျော်ရည်တွေကို ရောင်းချဖို့ ပိတ်ပင်ထားပြီး အစိုးရအဖွဲ့ကတော့ ဒိန်ချည်ဖျော်ရည် တွေပါထည့်ဖို့ရည်မှန်းထားပါတယ်။



Follow us on