1. Home
  2. Special or Others

မျောက်ဖင်နီကို မီးပွိုင့်ထင်ပြီး ယာဉ်တိုက်မှုဖြစ်ခဲ့ရတဲ့ အမျိုးသမီး

Special or Others ธ.ค. 28, 2560 view 2,953

တရုတ်နိုင်ငံ Guizhou မြို့လမ်းမကြီးတစ်လျောက် ကားမောင်းလာခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ မျောက်တစ်ကောင်ရဲ့ ဖင်ကို မီးပွိုင့်က မီးနီနဲ့ မှားကြည့်မိခဲ့တဲ့အတွက် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ အမျိုးသမီးဟာ မနက်စောစောအချိန်မှာ ဝူဟန် လမ်းမကြီးအတိုင်း ကားမောင်းလာခဲ့ပြီး လမ်းဆုံရောက်တဲ့အခါမှာ သူမဟာ အပေါ်ကိုမော့ကြည့်ခဲ့ရာ မီးနီနေတာကို မြင်ခဲ့တဲ့အတွက် ဖြတ်မောင်းမိမှစိုးရိမ်ပြီး ဘရိတ်ကို အတင်းစောင့်နင်းလိုက်တဲ့အချိန်မှာ သူမနောက် မှာကပ်လိုက်လာတဲ့ ကားတွေက ၀င်စောင့်မိတာဖြစ်ပါတယ်။

အဲဒီနောက် နောက်ကားမှ ကားသမား ထွက်လာပြီး သူမကို ဘာလို့ရပ်တာလဲလို့ မေးခဲ့တဲ့အတွက် သူမဟာ မီးပွိုင့်ကို လက်ညိုးထိုးပြဖို့ ထပ်ကြည့်ပြီးမော့ကြည့်ခဲ့ရာ အံ့သြသွားခဲ့ပါတယ်။ သူမ မြင်ခဲ့ရတာဟာ  မီးနီမဟုတ်ပဲ မျောက်ဖင်နီတစ်ကောင်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မျောက်ဟာ မီးပွိုင့်တိုင်ပေါ်မှာ နောက်ပြန်ထိုင်နေတဲ့အတွက် အကြည့်မှားပြီး အခုလို မတော်တဆမှု ဖြစ်ပွားခဲ့ရတာပါ။

ငိုအားထက်ရယ်အားသန် ဖြစ်ခဲ့ရတဲ့ မတော်တဆမှုမှာ ကံကောင်းစွာနဲ့ပဲ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။ မီးပွိုင့်မှာ ရပ်ခဲ့တဲ့ အဲ့ဒီအမျိုးသမီးကိုတော့ တရားဥပဒေကို လိုက်နာခဲ့တဲ့အတွက် အပြစ်မပေးခဲ့ဘူးလို့ သိရပြီး ကားမောင်းသမားတွေကို ကားမောင်းရာမှာ တိရိစ္ဆာန်တွေကို  ဂရုစိုက် ကြည့်မောင်းဖို့ သတိပေးခဲ့ပါတယ်။ 



Follow us on