1. Home
  2. Special or Others

ချစ်သူရဲ့ အလုပ်အကိုင်အမှန်ကိုသိသွားပြီး ရယ်မိလို့ ရက်စက်စွာသတ်ခံရသူ

Special or Others ธ.ค. 28, 2560 view 1,440

ချစ်သူနှစ်ဦး ကြည်နူးစရာအချိန်လေးတွေကနေ မထင်မှတ်တဲ့ ကိစ္စလေးတစ်ခုကြောင့် လူသတ်ကွင်း ဖြစ်သွားလိမ့်မယ်လို့ သိမိခဲ့ရင် သူမရယ်ခဲ့မိမှာမဟုတ်ပါဘူး။ ရုရှားနိုင်ငံက အသက် ၃၄ နှစ်အရွယ် Irina Kozlova ဆိုသူ အိမ်ထောင်ကွဲနေတဲ့ အမျိုးသမီးဟာ သူမရဲ့ အသစ်စက်စက် ရည်းစားဖြစ်သူ Evgeny Markov ဆိုသူက ဓားနဲ့အချက်ပေါင်း (၈၈)ချက် ထိုးသတ်ခဲ့ပါတယ်။

အခင်းဖြစ်ပွားမယ့်နေမှာ Irina Kozlova နဲ့ ရည်းစားဖြစ်သူ Evgeny Markov တို့နှစ်ဦး Mini Copper ကားလေးနဲ့ သူမရဲ့ စိတ်ကြိုက်နေရာလေးတစ်ခုကို သွားခဲ့ပြီး အဲဒီနေရာမှာတင် Kozlova အသတ်ခံခဲ့ရပါတယ်။


Evgeny Markov ကိုရဲက ဖမ်းဆီးမိခဲ့ပြီးနောက်ပိုင်းမှာ သူကိုယ်တိုင် ထွက်ဆိုချက်အရ Irina Kozlova ဟာ သူ့ရဲ့ အလုပ်အမှန်ကို သိသွားပြီး အားရပါးရရယ်မောခဲ့တဲ့အတွက် သတ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ သူတို့နှစ်ဦး စတွေတုန်းက Evgeny Markov က သူ့ကိုယ်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို့ ပြောခဲ့ပြီး နောက်ပိုင်း သူဟာ ကားရေဆေးတဲ့လူ ဖြစ်နေတာကို Irina Kozlova သိသွားပြီး ရယ်မောခဲ့တဲ့အပေါ် အညိုးထားခဲ့ခြင်းဖြစ်ပါတယ်။


သူမကို မသတ်ခင်တစ်ရက်မှာ Evgeny Markov က သူမကြိုက်တဲ့နေရာကိုပြော လိုက်ပို့မယ်လို့ ချိန်းဆိုခဲ့တဲ့အတွက် သူတို့နှစ်ဦး ရွာလေးတစ်ရွာကို သွားခဲ့ပါတယ်။ တစ်နေရာအရောက်မှာ Evgeny Markov က သူမကို အံ့သြစရာစတခုပြမယ် မျက်လုံးမှိတ်ထားဟု စေခိုင်းပြီးမှ အသင့်ယူလာသောဓါးနဲ့ (၈၈)ချက်တိတိ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။


သေဆုံးခဲ့သူ Irina Kozlova ဟာ သူ့အရပ်ဒေသမှာတော့ နှင်းလျောစီးတော်တဲ့သူအဖြစ် အသိမှတ်ပြုခြင်းခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။
 



Follow us on