1. Home
  2. Special or Others

iPhone များနှေးကွေးစေမှုအတွက် Apple တောင်းပန်လိုက်ပြီး ဘတ်ထရီဈေးနှုန်းများ အထူးလျှော့ဈေးဖြင့် လဲလှယ်ပေးမည်

Special or Others ธ.ค. 29, 2560 view 1,709

iPhone မော်ဒယ်လ်အမြင့်များအတွက် ဦးစားပေးကာ update ထုတ်ပေးခဲ့သော iOS များကြောင့် iPhone မော်ဒယ်အနိမ့်များ အလုပ်လုပ်မှု နှေးကွေးပြီး ဘတ်ထရီကြာရှည်မခံဖြစ်ရတဲ့ ပြသနာအတွက် Apple တရားစွဲခံရပြီး အမှုရင်ဆိုင်လျှက်ရှိသည်။

iPhone များ နှေးကွေးမှု ဖြစ်ခဲ့ရခြင်းအပေါ် တောင်းပန်ကြောင်း သူ့ရဲ့ဝဘ်ဆိုက်ပေါ်မှတစ်ဆင့် ဒီဇင်ဘာလ (၂၈)ရက်နေ့က တင်ထားဖော်ပြခဲ့သည်။ ထိခိုက်နစ်နာ နှေးကွေးမှုများ၊ ဘတ်ထရီပြဿနာများ ကြုံတွေနေ့ရသည့် iPhone 6 နှင့် အထက် မော်ဒယ်မျာကို အထူးလျှော့ဈေးဖြင့် ပြန်လည်လဲလှယ်ပေးမှုကို နောက်လတွင် စတင်မည်ဖြစ်ကြောင်း ကြေညာပြောဆိုခဲ့သည်။

ယင်းအပြင် အသုံးပြုသူများအနေနဲ့ မိမိဖုန်းရဲ့ ဘတ်ထရီအခြေအနေကို စစ်ဆေးနိုင်သော လုပ်ဆောင်ချက်တစ်ခုကို iOS တွင်လည်း ထည့်သွင်း update လုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် အဆိုပါပြဿနာများ ကြုံတွေနေရသူများအနေနဲ့ နီးစပ်ရာ Apple Service အရောင်းဆိုင်များတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှစတင်ကာ အမေရိကန် ၇၉ ဒေါ်လာတန် ဘတ်ထရီများကို ၂၉ ဒေါ်လာဖြင့် သွားရောက်လဲလှယ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
 



Follow us on