1. Home
  2. Special or Others

ဘီကနီမော်ဒယ်ပြက္ခဒိန်ဝေဖန်မှုများ ပြည့်နေသော်လည်း လေကြောင်းလိုင်း အရေးမလုပ်

Special or Others ธ.ค. 29, 2560 view 1,818

ဗီယက်နမ်နိုင်ငံလေကြောင်းလိုင်းတစ်ခုဖြစ်သော VietJet လေကြောင်းလိုင်းမှ ၂၀၁၈ ခုနှစ်အတွက် ထုတ်ဝခဲ့သော ကုမ္ပဏီပြက္ခဒိန်တွင် လေယာဉ်မယ်လေးများ၏ ဘီကနီဝတ်ကာ ဝန်ဆောင်မှုပေးနေသော အလှဓါတ်ပုံများဖြင့် ထုတ်ဝေလိုက်သောကြောင့် ဝေဖန်မှုများ ပြင်းထန်လျှက်ရှိသည်။

အဆိုပါပြက္ခဒိန် အွန်လိုင်းတွင် ပျံ့နှံ့သွားပြီးနောက် အညှီအဟောက် မကင်းသော ယင်းပုံရိပ်များသည် လေကြောင်းလိုင်းများ အားလုံးမှ လေယာဉ်မယ်များနှင့် ဝန်ထမ်းများ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ဝေဖန်လျှက်ရှိသည်။ ယင်းအပြင် လေယာဉ်အမှုထမ်းများနဲ့ ခရီးသည်များအတွက်ပါ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါး ဖြစ်လာနိုင်သည့်အပေါ် တစ်ကမ္ဘာလုံးက လေကြောင်းလိုင်းအသိုင်းဝိုင်းများက ပါဝင်လာအောင် ငြင်းခုံလျှက်ရှိသည်။

VietJet လေကြောင်းလိုင်းကို တည်ထောင်သူ ဗီယက်နမ်နိုင်ငံ၏ တစ်ဦးတည်းသော သန်းကြွယ်သူဌေးအမျိုးသမီး Ms Nguyen Thi Phuong Thao က လူသူားတွေဟာ သူတို့နှစ်သက်ရာ ဝတ်ပိုင်ခွင့်ရှိကြောင်း ဒီပြက္ခဒိန်က ပြသနေတာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ထို့ပြင် “ကျွန်မတို့အနေနဲ့ ဒီဘီကနီပြက္ခဒိန်နဲ့ စပ်လျဉ်းပြီး ပါဝင်ပက်သက်ပြောဆိုနေသူတွေကို စိတ်ပျက်သွာတာမျိုးမရှိပါဘူး။ ဒီပြက္ခဒိန်ကြောင့် လူတွေ သဘောကျတယ် ပျော်ရွှင်တယ်ဆိုရင် ကျွန်မတို့လည်း ပျော်ပါတယ်” ဟု ရိုက်တာသတင်းဌါနကို ဖြေကြားခဲ့သည်။

၂၀၁၈ ခုနှစ် VietJet ရဲ့ ပြက္ခဒိန်ကို ကြည့်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။



Follow us on