1. Home
  2. Special or Others

သင်လုံးဝထင်မှတ်မထားတဲ့ပုံစံနဲ့ အခန်းသန့်ရှင်းရေးလုပ်တဲ့ ကြယ်ငါးပွင့်ဟိုတယ် (ရုပ်သံ)

Special or Others ธ.ค. 29, 2560 view 1,490

ဟိုတယ်ကြီးတွေမှာဆိုရင် အခန်းတွေထဲဝင်လိုက်တာနဲ့ များသောအားဖြင့် အရမ်းကောင်းတာပဲ၊ အရမ်းသန့်တာပဲလို့ ကိုယ်မြင်လိုက်ရတဲ့ မြင်ကွင်းပေါ်မှာ ကြည့်ပြီး အထင်ကြီးသွားတတ်ကြပါတယ်။
ဒါပေမယ့် အဲ့ဒီလိုသန့်ရှင်းသပ်ရပ်နေအောင် နောက်ကွယ်မှာ သန့်ရှင်းရေးလုပ်တဲ့အချိန်ကိုသာ မြင်တွေ့လိုက်ရရင် တစ်ကယ်ကို ထိုးအန်သွားချင်လောက်အောင် စိတ်ပျက်စရာကောင်းတယ် ဆိုတာကို အတွင်းကျကျ လူမသိအောင် ခိုးရိုက်ထားတဲ့ ဗီဒီယိုတစ်ခုဟာ အွန်လိုင်းပေါ်မှာ အကြီးကျယ်ဂယက်ရိုက်ခဲ့ပါတယ်။

တရုပ်နိုင်ငံက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုရဲ့ အိမ်ခန်းဆောင်သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးဟာ ဟိုတယ်အခန်းထဲမှာထားတဲ့ ကော်ဖီခွက်ဖန်ခွက်တွေကို အိမ်သာကမုတ်သန့်ရှင်းရေးလုပ်တဲ့ အဝတ်နဲ့ပဲ ပြောင်နေအောင်ဆေးသလို ခေါင်းအုံးစွပ်တွေ အိပ်ယာခင်းတွေနဲ့ပဲ အိမ်သာအိုးကို ဆေးကြောတာတွေ့ခဲ့ရပါတယ်။

ဒီအဖြစ်ပျက်ဟာ တရုပ်နိုင်ငံမှာရှိတဲ့ Kempinski Harbin ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာ ဖြစ်ခဲ့တာပါ။ ဗီဒီယိုအွန်လိုင်းပေါ် ပျံ့ခဲ့ပြီးနောက် ကျန်းမာရေးကော်မရှင်၊ ခရီးသွားလာရေးအဖွဲ့စည်းတွေအပါအဝင် အဏာပိုင်အဖွဲ့စည်းများ စုံစမ်းစစ်ဆေးရေး ဝင်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုရဲ့ အဖြေကတော့ ဟိုတယ်ဟာ အမှန်တစ်ကယ်ကို ညစ်တီးညစ်ပတ်နိုင်တယ် ကျန်းမာရေးအသိနည်းပါးတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Kempinski Harbin ဟိုတယ်တာဝန်ရှိသူများက တရုပ်လူမှုကွန်ယက် ဝီဘိုပေါ်မှာ တောင်းပန်ခဲ့ပြီး ရှေ့လျှောက် ပိုမိုကြပ်မတ်သွားမည်ဖြစ်ကြောင်း တောင်းပန်ပြောကြားခဲ့သည်။

ယခင်ကလည်း တရုပ်ပြည် ဟိုတည်အခန်းများအတွင်း ထားရှိသော ​ရေနွေးအိုးများထဲတွင် ဧည့်သည်များက သူတို့၏ အတွင်းခံများ ထည့်ပြုတ်လျှော်တာတွေရှိကြောင်း သတင်းပျံ့နှံ့ခဲ့သေးသည်။

>> ဟိုတယ်အခန်းက ရေနွေးအိုး ဘာကြောင့်မသုံးသင့်လဲ
 



Follow us on