ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်လာမည့်နှစ်အတွင်းမှာ ဂိမ်းအလွန်အကျွံဆော့ခြင်းကို စိတ်မူမမှန်တဲ့ ရောဂါ လက္ခဏာတစ်ခုအဖြစ် သတ်မှတ်မယ်လို့ ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ အကြမ်းမျဉ်း ထုတ်နှုတ်ထားတဲ့ ဆယ့်တစ်ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရောဂါအမျိုးအစား သတ်မှတ်ရေး စာတမ်းအရ ဂိမ်းစွဲတဲ့လက္ခဏာဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ချေရှိတယ်လို့ ဖော်ပြထားပါတယ်။
တစ်နေ့ကို မိနစ်နှစ်ဆယ်ခန့်၊ ပိတ်ရက်တွေကို တစ်နာရီခန့် ဂိမ်းကစားခြင်းဟာ ကျန်းမာရေးကို မထိခိုက်စေနိုင်သော်လည်း တစ်ညတာ အိပ်ချိန် ရှစ်နာရီကိုပါ အသုံးချလာခဲ့ရင်တော့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ပြောဆိုခွင့်ရှိသူ Gregory Hartl က လက်ရှိကစားနေကြတဲ့ ဂိမ်းတွေဟာ ဆက်လက်တိုးတက်လာနိုင်ပြီး အွန်လိုင်းဂိမ်းတွေဟာ စိတ်ဖျော်ဖြေမှုရဲ့ အဓိကအချက် ဖြစ်လာနေကြောင်း ပြောခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဂိမ်းစွဲနေတဲ့ သူတွေဟာ သူတို့ကို သူတို့ မရပ်တန့်နိုင်ကြောင်း ထောက်ပြခဲ့ပြီး ဂိမ်းအလွန်အကျွံဆော့ကစားတဲ့အတွက် မိသားစု၊ ပတ်ဝန်းကျင်၊ ပညာရေးနဲ့အတူ အခြားမိမိအတွက်အရးပါတဲ့ အကြောင်းအရာတွေကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။