1. Home
  2. Special or Others

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ အနာဂတ် ဆရာစံဇာဏီဘို ဟောကိန်းထုတ်

Special or Others ม.ค. 02, 2561 view 1,540

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အနာဂတ် ပိုမိုကောင်းမွန်လာနိုင်သော်လည်း စိုးရိမ်ရမည့် အချိန်ကာလတစ်ခုလည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုက ဟောကိန်းထုတ်လိုက်သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ပြည်ပရင်းနှီးမြုတ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးများမှာ ယခင်ကထက် ကောင်မွန်လာမည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နှင့် ၁၉ ရက်ကြား၊ ဇူလိုင် ၂၁ ရက်နှင့် သြဂုတ်လတွေကြားမှာတော့ တိုင်းပြည်၏ အနာဂတ်ဟာ ကြမ်းတမ်းဖုထစ်မှုတွေနဲ့ ဖြတ်သန်းရနိုင်ပြီ: လကြတ်ခြင်း ဖြစ်ပေါ်မည့် ဇန်နဝါရီ ၃၁ ရက်နဲ့ နေကြတ်ခြင်းဖြစ်ပေါ်မည့် ဖေဖော်ဝါရီ ၁၆ ရက်ကာလများ ရှိနေတာကြောင့် အစွန်းရောက်မှုပြဿနာများနဲ့ ပက်သက်ပြီး သတိထားရမည်ဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။

၂၀၁၈ ခုနှဏ်တွင် ကြာဿပတေးဂြိုလ် ဖောက်ပြန်နေသောကြောင့် ပြည်သူများအနေဖြင့် အစားအသောက်နှင့်ဆိုင်သော ရောဂါများဖြစ်ပွားနိုင်သဖြင့် ဆင်ခြင်သတိပြုရန်လိုအပ်ပြီး ကြာဿပတေးဂြိုလ်ဖောက်ပြန်မှုရပ်တန့်သွားမည့် ဇူလိုင် ၁၀ ရက်၊ စနေဂြိုလ်ဖောက်ပြန်မှုရပ်တန့်သွာမည့် စက်တင်ဘာလ ၁၀ ရက်နောက်ပိုင်းတွင် အကောင်းဘက်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း ပညာရှင်များက တွက်ချက် ဟောကိန်းထုတ်ခဲ့သည်။
 



Follow us on