1. Home
  2. Football

တတိယမြောက်ကြယ်စင်စုအသင်းဖြစ်လာခဲ့တဲ့ ပီအက်စ်ဂျီအသင်း

Football ม.ค. 02, 2561 view 1,457
စပိန်အခြေစိုက်အားကစားသတင်းစာဖြစ်တဲ့ မာကာသတင်းစာရဲ့ဖော်ပြမှုအရ (၂၀၁၇) ခုနှစ်ရဲ့နွေရာသီအ ပြောင်းအရွေ့ဈေးကွက်အတွင်းမှာ နေမာနဲ့ ဘာပီတို့ကိုစံချိန်တင်ပြောင်းရွေ့ကြေးအသုံးပြုကာခေါ်ယူခဲ့တဲ့ ပီ အက်စ်ဂျီအသင်းကတော့ တတိယမြောက်ကြယ်စင်စုအသင်းဖြစ်လာခဲ့တယ်လို့သိရပါတယ်။ပီအက်စ်ဂျီအသင်းဟာ နွေဈေးကွက်အတွင်းမှာ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ နေမာ၊ အမ်ဘာပီနဲ့ ဒန်နီအဲ ဗတ်စ်တို့ကိုခေါ်ယူခဲ့ပြီးနောက် သူတို့အသင်းရဲ့ပုံရိပ်ပိုမိုမြင့်တက်လာခဲ့သလို ကမ္ဘာတလွှားမှပရိသတ်တွေရဲ့အာ ရုံကိုလည်းပိုမိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာကို ဘာစီလိုနာအသင်းထံမှ စံချိန် တင်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူပြီး နေမာရဲ့ပီအက်ဂျီကစားသမားဘ၀စတင်တဲ့နေ့မှာပဲ ဂျာစီပေါင်း (၁) သောင်း (၁) ထောင်ထိရောင်းချခဲ့ရပါတယ်။ နေမာရောက်ရှိလာခဲ့ပြီး (၁)လအကြာမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ဂျာစီ ရောင်းချရတဲ့အရေအတွက်ဟာ ဆယ်ဆကျော်ခန့်မြင့်တက်လာခဲ့ပြီး ဂျာစီအရေအတွက် (၁)သိန်း (၂)သောင်း လောက်ထိကိုရောင်းချခဲ့ရတာဖြစ်ပါတယ်။
 
 
ဒါ့အပြင် ပီအက်စ်ဂျီအသင်းကို လူမှုကွန်ယက် မှာ follow လုပ်တဲ့ followers အရေအတွက်ဟာ (၆) လအတွင်း (၁၄)သန်းခန့်မြင့်တက်လာခဲ့ပြီး အသင်းရဲ့ Offical Website ကိုဝင်ရောက်ကြည့်ရှုသူအရေအတွက်ကလည်း တစ်နှစ်အတွင်း(၂)ဆထိမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာ ပီအက်စ်ဂျီအသင်းကို အသင်းအားပေးသူပရိသတ်အရေအတွက် မြင့်မားလာ ခြင်းဟာ မယုံကြည်နိုင်လောက်တဲ့အခြေနေပင်ဖြစ်ပြီး စပိန်နိုင်ငံရဲ့ လူမှုကွန်ရက်မှာလည်း တတိယမြောက် ပရိ သတ်ရှာဖွေမှု အများဆုံးအသင်းအဖြစ် ဘာစီလိုနာ၊ ရီးယဲမက်ဒရစ်တို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်ခဲ့ပါ တယ်။ ဒါ့အပြင် ရုပ်သံမှကြည့်ရှုမှုနှုန်းအများဆုံးနဲ့ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရာ အင်္ဂလန်နိုင်ငံမှာလည်း တတိယမြောက် ပရိသတ်ရှာဖွေမှုအများဆုံး ပြည်ပကလပ်အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။
 
 


Follow us on