1. Home
  2. Myanmar News

ထုတ်ယူခြင်းမပြုသည့် ထီဆုပေါက်မဲများကို နိုင်ငံပိုင်သိမ်းမည်

Myanmar News ม.ค. 02, 2561 view 1,677

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့သော (၃၃၇)ကြိမ်မြောက်ကျပ်(၂၀၀)တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲတွင် ကျပ်သိန်း(၁၆၀၀)ကျော်တန်ဖိုးရှိသော  ဆုမဲထီလက်မှတ်များ လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ၂၀၁၈ ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆုအဖြစ်လာရောက်ထုတ်ယူရန် ကျန်ရှိနေသောပေါက်မဲများကို ထီလက်မှတ်နှင့်တစ်ကွ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၃၁)ရက် နောက်ဆုံးထားပြီး ထုတ်ယူရမှာဖြစ်ပြီး လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများကို ပြည်သူ့ဘဏ္ဍာငွေအဖြစ်သိမ်းဆည်းမည်ဖြစ်ကြောင်း သိရှိရသည်။

ထုတ်ယူရန် ကျန်ရှိနေသေးသော ထီဆုကြီးများမှာ ကျပ်သိန်း ၅၀၀ ဆု (၂)ဆု၊ ကျပ်သိန်း ၁၀၀ (၂)ဆု၊ ကျပ်သိန်း ၅၀ (၆)ဆု၊ ကျပ် ၂၅ သိန်း (၂)ဆု၊ ကျပ် ၁၀သိန်း (၈)ဆုနဲ့ ကျပ် ၅ သိန်း (၁၁)ဆု အပါအဝင် ကျပ်သိန်း ၁၆၀၀ ကျော်ဖြစ်ပြီး
အခြား ထီပေါက်မဲလက်မှတ် စုစုပေါင်း (၄၅၁၂)ဆု လည်းထုတ်ယူဖို့ ကျန်ရှိနေကြောင်း  သိရှိရသည်။
ဆုလက်မှတ်များကို  ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများတွင် တင်ပြပြီး ဆုငွေတွေတောင်းခံနိုင်သည်။
ကျပ်(၁၀)သိန်းနှင့်အထက် ဆုငွေမျာကို ရန်ကုန်နှင့် မန္တလေးမြို့ များရှိ အောင်ဘာလေ
သိန်းဆုဌာနခွဲတွင်သာ ထုတ်ပေးမည်ဖြစ်သည်။

ကျပ်(၁၀)သိန်းအောက် ဆုလက်မှတ်များကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများမှာ ထုတ်ယူနိုင်ပြီး
မည်သည့်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှာ ထုတ်ယူလိုကြောင်း သက်ဆိုင်ရာ
မြို့နယ်အခွန်ဦးစီးရုံးရဲ့ စစ်ဆေးစိစစ်ချက်၊ထောက်ခံချက်များနဲ့အတူ ဇန်နဝါရီလ
(၃၁)ရက်မတိုင်မီ အောင်ဘာလေသိန်းဆုဌာနခွဲကို အကြောင်းကြားတောင်းခံနိုင်သည်။


လာရောက်ထုတ်ယူခြင်းမရှိသေးသည့် ဆုမဲစာရင်းမျာကို ပြည်နယ် တိုင်းဒေသကြီး ပြည်တွင်း အခွန် ဦးစီးဌာနရုံးများ၊ အစိုးရအဖွဲ့ရုံးများ၊ မြို့နယ် အခွန်ဦးစီးမှူး ရုံးများ၊ မြို့နယ်
စည်ပင်သာယာရေးကော်မတီရုံးများတွင်  ကြေညာထားကြောင်း သိရှိရသည်။
 



Follow us on