1. Home
  2. Special or Others

USB Flash Drive ထက်သေးငယ်တဲ့ ကမ္ဘာ့အသေးငယ်ဆုံး မိုဘိုင်းဖုန်း

Special or Others ม.ค. 02, 2561 view 1,611

လက်ကိုင်ဖုန်းဆိုရင် မျက်နှာပြင်ကြီးကြီးသာ လိုချင်ကြတဲ့ခေတ်မှာ အားလုံးနဲ့ဆန့်ကျင်ပြီး ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးမိုဘိုင်းဖုန်းတစ်လုံး ပေါ်ထွက်လာခဲ့ပါတယ်။ ဖုန်းရဲ့ အရွယ်အစားဟာ USB Flash Drive ထက်ပင် သေးငယ်တဲ့ အတွက် ဘယ်လောက်​တောင်သေးလဲဆိုတာ ခန့်မှန်းမိကြမှာပါ။

အရွယ်အစား သေးငယ်ပေမယ့် မိုဘိုင်းဖုန်းတစ်လုံးရဲ့ အခြေခံလုပ်ဆောင်ချက်တွေအားလုံး လုပ်ဆောင်နိုင်ပါတယ်။ အကျယ် ၂၁ မီလီမီတာ၊ အမြင့် ၄၆.၇ မီလီမီတာနဲ့ အလေးချိန် ၁၃ ဂရမ်သာရှိတဲ့ အဆိုပါဖုန်းဟာ သာမန်ဖုန်းတွေလိုပဲ ဖုန်းခေါ်ဆိုတာ မက်ဆေ့ပေးပို့တာတွေ ပြုလုပ်ရပါတယ်။ သူ့မှာ ကီးပတ်သေးသေးလေပါရှိပြီး ဖုန်းထဲမှာ နံပါတ်ပေါင်း ၃၀၀ လောက် မှတ်သားထားနိုင်ပါတယ်။

2G ကွန်ယက်ကို အသုံးပြုပြီး နာနိုဆင်းမ်ကတ်ထည့်သုံးရတာဖြစ်ပါတယ်။ 200mAh ဘတ်ထရီပါဝါရှိပြီး Stand by အနေအထားနဲ့ သုံးရက်ကြာခံပြီး မိနစ် ၁၈၀ ကြာ စကားပြောနိုင်ပါတယ်။ ဒီဖုန်းကို Zanco ကုမ္ပဏီက တီထွင်ထုတ်လုပ်ပြီး Zanco tiny t1 လို့ အမည်ပေးထားပါတယ်။


ကုမ္ပဏီက t1 ဖုန်းငယ်များကို ကမ်ာ့အသေးငယ်ဆုံး ဖုန်းအဖြစ် အမြောက်အများထုတ်လုပ်နိုင်ရန် ဘဏ္ဍာငွေတိုးမြှင့်လျှက်ရှိသည်။ ဒါပေမယ့် မေးခွန်းတစ်ခုကတော့ လူတွေက ဒီဖုန်းမျိုးကို ဝယ်ဖို့ စိတ်ဝင်စားကြပါ့မလားဆိုတာပါပဲ။ မိတ်ဆွေဆိုရင်ရော ဒီလို ဖုန်းသေးသေးလေးကို ဝယ်ယူမှာလား..? သဘောထားလေးကို ကွန်မန့်ပေးခဲ့ပါဦးနော်။
 



Follow us on