1. Home
  2. Special or Others

ဥပဒေကိုလက်တစ်လုံးခြား ဖန်တီးပြီး အရက်သေစာဝိုင်းဖွဲ့သောက်

Special or Others ม.ค. 02, 2561 view 1,444

နယူးဇီလန်နိုင်ငံ၌ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် အများသူငှာအသုံးပြုသော နေရာများတွင် အရက်သောက်သုံးခြင်းကို ဥပဒေဖြင့် တားမြစ်ထားတဲ့အတွက် အမျိုးသားအဖွဲ့တစ်ဖွဲ့ဟာ လက်တစ်လုံးခြားဖန်တီးမှုတစ်ခု ပြုလုပ်ပြီး နှစ်သစ်ကူးအကြိုညကို ဝိုင်းဖွဲ့သောက်စားကြိုဆိုခဲ့ကြပါတယ်။

ဒီအုပ်စုဟာ နှစ်သစ်ကူးအကြိုည မတိုင်မီထဲက ကမ်းစပ်နဲ့ မနီးမဝေး ပင်လယ်ပြင်ထဲက တစ်နေရာမှာ သဲများကမာကောင်များနဲ့ ဖို့မြေသောင်အသေးစားလေးတစ်ခုကို ခြောက်နာရီကြာ ကြိုးစားပမ်းစားတည်ဆောက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ငါးထပ်ပြားအထူများကို သုံးပြီး သူတို့အားလုံး အရက်ထိုင်သောက်လို့ရမည့် စားပွဲခုံတန်းရှည်တစ်လုံး တည်ဆောက်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ နှစ်သစ်ကူးအကြိုညကို အဖွဲ့လိုက် ပျော်ပျော်ပါးပါး သောက်စားပြီး ကြိုဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ လက်တစ်လုံးခြားလုပ်ရပ်နှင့် စဉ်းစားတီထွင် ကြိုးပမ်းမှုကို အားလုံးက သဘောကျခဲ့ပြီး မြို့တော်ဝန်ကိုယ်တိုင် ပြုံးရယ်ခဲ့ရပါတယ်။


သူတို့ကို သွားဖမ်းရင် သူတို့က ငါတို့နယူဇီလန်မြေမှာ သောက်တာမဟုတ်ဘူး၊ နိုင်ငံတစ်ကာရေပိုင်နက်ထဲမှာ သောက်တာလို့ ပြောချင်ပြောမှာပေါ့။ တစ်ကယ်တော့ အဲဒီနေရာဟာ နယူဇီလန်ပိုင်နက်ပါပဲ ဒါပေမယ့် အားလုံးပြဿနာမဖြစ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေသွားကြတယ်၊ ပြီးတော့ သူတို့ရဲ့ ကြံဆပုံကလည်း သဘောကျဖို့ကောင်းတယ်” ဟု Coromandel မြို့တော်ဝန် Sandra Goudie က Time ကို ပြောခဲ့ပါတယ်။

Coromandel မြို့မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ဇန်နဝါရီ ၆ ရက်နေ့ထိ ရုံးပိတ်ရက်အဖြစ် ကြောညာထားပါတယ်။ အများသူငှာအသုံးပြုတဲ့နေရာတွေမှာ အရက်သေစာသောက်စားပါက ဒေါ်လာ ၁၈၀ (သို့) ဖမ်းဆီးခံရမယ်လို့ ၂၀၀၃ ခုနှစ်ထဲက ဥပဒေပြဌါန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမြို့ကြီးတွေမှာလည်း အများသူငှာသွားလာတဲ့နေရာတွေမှာ အရက်သေစာသောက်စားခွင့် မပြုတော့ပဲ လိုက်လံဖမ်းဆီးနေပြီမို့ သူတို့အဖွဲ့ရဲ့ အိုင်ဒီယာနဲ့ဆို အံကျဖြစ်လောက်ပါရဲ့နော်။
 



Follow us on