1. Home
  2. Special or Others

တရုပ်အာကာသစခန်း ပျက်ကျသောအပိုင်းစများ မတ်လအတွင်း ကမ္ဘာမြေပေါ်သို့ ကျရောက်မည်

Special or Others ม.ค. 03, 2561 view 1,516

တရုပ်နိုင်ငံ၏ ပထမဦးဆုံးအားကသစခန်း “တိုင်ဂွန်း-၁” ၂၀၁၆ ခုနှစ် စက်တင်ဘာလထဲတွင် ပျက်ကျခဲ့ရာ အာကာသစခန်း၏ အပိုင်းအစများ ကမ္ဘာမြေပြင်ပေါ်သို့ လာမည့်လများအတွင်း ထိမှန်ကျရောက်မည်ဖြစ်ကြောင်း  သတိပေးပြောကြားထားသည်။

သို့သော် လူပေါ်သို့ ပြုတ်ကျထိမှန်တိုင်သည့် အလားအလာအလွန်နည်းပါသဖြင့် မစိုးရိမ်ကြရန်လည်း ထုတ်ပြန်ကြေညာခဲ့သည်။ ကယ်လီဖိုးနီးယား အာကာသဆိုင်ရာ ကော်ပိုရေးရှင်းတစ်ခုက “တိုင်ဂွန်း-၁” ဟာ လာမည့် မတ်လ အလယ်တွင် ကမ္ဘာ့လေထုအတွင်း ဝင်လာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

အာကာသတွင်းအင်အားယှဉ်ပြိုင်မှုအဖြစ် တရုပ်နိုင်ငံက “နိဗ္ဗာန်ဘုံ” ဟု အဓိပ္ပါယ်ရသည့် “တိုင်ဂွန်း-၁” ကို ၂၀၁၁ ခုနှစ်က အာကာသဆိုင်ရာ လေ့လာမှုများ ပြုလုပ်ရန် လွှတ်တင်ခဲ့သည်။ “တိုင်ဂွန်း-၁” ၏ သက်တမ်းကို နှစ်နှစ်သာ သတ်မှတ်ထားခဲ့သော်လည်း တရုပ်အာဏာပိုင်များက လေ့လာမှုများပိုမို ပြုလုပ်နိုင်ရန် နှစ်နှစ်ခွဲကြာ ခိုင်းစေခဲ့သည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလမှာတော့ တရုပ်အာကာသအင်ဂျင်နီယာဌါနချုပ်မှ “တိုင်ဂွန်း-၁” ဟာ ကမ္ဘာမြေပေါ်  အထိန်းအကွပ်မဲ့စွာ ပြန်လည် ပြုတ်ကျလာပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာပေါ်ကျလာမည်ဟု ခန့်မှန်းထားခဲ့သည်။

အာကာသအေဂျင်စီက ပျက်ကျလာသော အာကသစခန်း၏ အစိတ်အပိုင်းအတော်များများမှာ ပွတ်တိုက်အားကြောင့် အာကာသအတွင်း မီးလောင်ပျက်ဆီးသွားနိုင်ပြီး ကမ္ဘာမြေပေါ်သို့ ကျရောက်မည့်အစိတ်များမှာ သေးငယ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ခန့်မှန်းတွက်ချက်မှုများအရ ပြုတ်ကျမည့်နေရာမှာ သမုဒ္ဒရာအတွင်းဖြစ်ဖို့များသော်လည်း အမေရိကန်၊ ဘရာဇီးနှင့် တရုပ်နိုင်ငံတို့ပေါ်လည်း ဖြတ်ကျော်နိုင် ပြုတ်ကျနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
 



Follow us on