1. Home
  2. Special or Others

၂၀၁၈ ခုနှစ်အတွင်း အပြင်းထန်ဆုံးငလျှင်များ ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်များခန့်မှန်း

Special or Others ม.ค. 03, 2561 view 1,453

၂၀၁၈ ခုနှစ်အတွင်းမှာ ကမ္ဘာလည်ပတ်နှုန်း ယာယီနှေးခြင်းကြောင့် ပြင်းထန်တဲ့ငလျှင်တွေ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေဟာ ယုံကြည်ထားကြပါတယ်။ သိပံ္ပပညာရှင်တွေကလည်း ကမ္ဘာမြေကြီးဟာ ဒီနှစ်အ တွင်းမှာ မြေငလျှင်လှုပ်ခတ်မှု အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိလာနိုင်ပြီး ယခင်ကထက် ပိုမိုများပြားတဲ့ ငလျှင် တွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

မြေငလျှင်တွေ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာကို တိကျသေချာစွာ ခန့်မှန်းနိုင်လာတာနဲ့အမျှ အဲ့ဒီမြေငလျှင်ကြောမှာ နေထိုင်နေတဲ့ သူတွေအတွက် သတင်းဆိုးတစ်ပုဒ်ဖြစ်စေသလို ဘေးန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်တာမို့ အဆိုးထဲက အကောင်းတစ်ခုလို့ ဆိုရမှာပါ။  

ကော်လိုရာဒို တက္ကသိုလ်က မြေငလျှင်ကျွမ်းကျင်ပညာရှင် Dr Roger Bilham ဆိုသူဟာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ပြင်းထန်တဲ့ မြေငလျှင် ခြောက်ခုဖြစ်ခဲ့ပြီး ယခုနှစ်မှာ အလွယ်တကူပဲ အခုနှစ်ဆယ်လောက်ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ Biham ဟာ မွန်တားနားတက္ကသိုလ်က Rebecca Bendick နဲ့အတူ ၁၉၀၀ ပြည့်နှစ်ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ မြေငလျှင်ရဲ့ ရစ်ချာစကေးတွေကို တိုင်းတာခဲ့ပြီး ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာပဲ ဒီအရာတွေအားလုံးဟာ ကမ္ဘာမြေကြီး လည်ပတ်မှုနှုန်းနှေးလာတာနဲ့ ဆက်စပ်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ တွေ့ရှိမှုအရ ဒီလိုလည်ပတ်မှုနှုန်း နှေးလာခြင်းဟာ ကမ္ဘာမြေကြီးရဲ့ အလယ်ဗဟို ပြုမူလှုပ်ရှား ပုံပြောင်းလဲလာခြင်းကြောင့်ဖြစ်ကြောင်း၊ ငလျှင်တွေဖြစ်မယ့် အချိန်အတိအကျကို မခန့်မှန်းနိုင်သော်လည်း ကမ္ဘာမြေကြီးရဲ့ အီကွေတာ တစ်လျှောက်မှာရှိတဲ့ အပူပိုင်းဒေသတွေမှာ အဖြစ်များနိုင်ကြောင်း သိရပါတယ်။

ဘူမိဗေဒပညာရှင် အချို့က ဒီရှာဖွေမှုတွေနဲ့ ပက်သက်ပြီး သဘောမတူကြပါဘူး။ သူတို့တွေကတော့ တိကျစွာ ဆန်းစစ်မှု မရှိဘဲ ကြိုတင်ခန့်မှန်းချက်သာ ဖြစ်တဲ့အတွက်ကြောင့် ဆွေးနွေးဆဲဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်တစ်ရာခန့်က ပြင်းထန်တဲ့ ငလျှင်လှုပ်ခဲ့တာ မှန်သော်လည်း အခြားသဘာဝ အခြေအနေများနဲ့ ဆက်စပ်နိုင်တဲ့အတွက် အသေအချာမသတ်မှတ်နိုင်သေးကြောင်း ရှင်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျှင်တွေကို ပြန်ကြည့်မယ်ဆိုရင် စက်တင်ဘာလက မက္ကဆီကိုမြို့မှာ အင်အား ၇.၁ ရှိတဲ့ ငလျှင်လှုပ်ခဲ့ပြီး အီရန်နယ်စပ်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက အင်အား ၇.၃ ရှိတဲ့ ငလျှင် လှုပ်ခတ်ခဲ့ပါတယ်။



Follow us on