1. Home
  2. Good Morning Myanmar

အနည်းဆုံးလုပ်ခငွေကြေး သတ်မှတ်ချက်ကို နိုင်ငံခြားငွေလှယ်လဲနှုန်းနှင့် အစိုးရ ၀န်ထမ်းများ လစာကို အခြေခံပြီးအဆိုပြုခဲ့

Good Morning Myanmar ม.ค. 03, 2561 view 1,520
၂၀၁၈ ခုနှစ် အတွင်း အနည်းဆုးံလုပ်ခလစာသတ်မှတ် အဆိုပြုနိုင်ဖို့ အနည်းဆုံးအခကြေး ငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အနေနဲ့ လက်ရှိ ကုန်ဈေးနှုန်း ၊ငွေကြေးဖောင်းပွနှုန်း ၊နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်အိမ်နီးနားချင်း နိုင်ငံများက အနည်းဆုံးလုပ်ခလစာကို လေ့လာ တွက်ချက်ခဲ့ ရတယ် လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံ့ဝန်ထမ်း များရဲ့ လစာများကို ထည့်သွင်းစဉ်းစားခဲ့ရသလို လက်ရှိ နိုင်ငံတော် ဘဏ္ဍာရေး အခြေအနေအရ နိုင်ငံဝန်ထမ်းများကို လစာ တိုးပေးဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ သိရပါတယ်။
 
 
မြန်မာ့စီးပွားရေးမှာ (၉၉) ရာခိုင်နှုန်းဟာ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်တာကြောင့် ဒီလုပ်ငန်းတွေရှင်သန်ဖို့ အရေးကြီးတယ်လို့ ၀န်ကြီးကပြောပါတယ်။ ဒီလုပ်ငန်းတွေရှင်သန်နိုင်မှ အလုပ်အကိုင်အခွင့်လမ်းတွေ ဖန်တီးနိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်လာမယ် ဆိုတာလည်း သိရှိထားကြောင်းကိုလည်း ၀န်ကြီးက ပြောပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးအသီးက ၂၀၁၈ ခုနှစ်မှာ အနည်းဆုးံအခကြေးငွေ သတ်မှတ်နိုင်ဖို့ အဆိုပြုနှုန်းထား အသီးသီး အဆိုပြုခဲ့ကြပြီး ၄၀၀၀ ကျပ်မှ ၄၈၀၀ကျပ်အတွင်း သတ်မှတ်ပေးဖို့ တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုက တင်ပြခဲ့ပြီး (၄၈၀၀)ကျပ်ကိုသတ်မှတ်ပေးဖို့ တင်ပြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်(၆) ခုရှိခဲ့တယ်လို့ သိရပါတယ်။
 
 
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီဟာ (၄)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာ၂၉ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပြီး အမျိုးသားကော်မတီအနေနဲ့ တစ်နေ့ (၈နာရီ)ကို ၄၈၀၀ ကျပ် သတ်မှတ်နိုင်ဖို့ အဆိုပြုခဲ့တာဖြစ်ပါတယ်။ အခုလိုအဆိုပြုခဲ့ပေမဲ့ အခု အဆိုပြုနှုန်းထား (၄၈၀၀)ကျပ်ကို ရက်ပေါင်း (၆၀)အတွင်း အလုပ်ရှင် အလုပ်သမားများ ကန့်ကွက်လိုက ကန့်ကွက်ခွင့် ရနိုင်သေးတယ်လို့သိရပါတယ်။ သတ်မှတ်ရက် ရက်ပေါင်း(၆၀)ပြည့်ပါက နိုင်ငံတော်အစိုးရထံ တင်ပြအတည်ပြုပြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်သွားမယ်လို့ သိရပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2216037155089069/


Follow us on