1. Home
  2. Special or Others

၁၈ နာရီကြာ မနားမနေအလုပ်ဆင်းတဲ့ဆရာဝန် သေဆုံး

Special or Others ม.ค. 03, 2561 view 1,528

၁၈ နာရီကြာအလုပ်လုပ်ခဲ့ရတဲ့ အသက်(၃၄)နှစ်အရွယ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန် Zhao Bianxiang ဟာ ဂျူတီချိန်ပြီးကာနီး နောက်ဆုံးလာနာတစ်ဦးကို လာကြည့်ချိန်မှာ ရုတ်တရက် လေဖြတ်ပြီး ကြမ်းပြင်ပေါ်ပစ်လဲကျသွားခဲ့ပါတယ်။

သူမကို နာရီ(၂၀)ကျော်ကြာအောင် ကုသမှုပေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ သေဆုံးသွားခဲ့ပါတယ်။ ဆေးစစ်ချက်အရ အလုပ်အရမ်းလုပ်ခဲ့တဲ့အတွက် သူမရဲ့ ဦးနှောက်ထဲက သွေးလွှတ်ကြောတွေ ပေါက်ကွဲသွားခဲ့တာ ဖြစ်ကြောင်းသိရှိရပါတယ်။

Zhan ဟာ တရုတ်ပြည် Jinzhong City ၊ Yuci လမ်းကြားထဲမှာရှိတဲ့ ပြည့်သူဆေးရုံတစ်ခုမှာ အလုပ်လုပ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာနရဲ့ ဦးဆောင်ဆရာဝန်တစ်ဦးလဲဖြစ်ပါတယ်။ မီဒီယာတွေကတော့ သူမဟာ ည ၁၂ နာရီ ဂျူတီချိန်မှာ လူနာကို အခြေအနေမေးမြန်းပြီးနောက် လဲကျ သွားတယ်လို့ ဆိုပါတယ်။ သူမဟာ ဂျူတီချိန် မနက် ၆နာရီကတည်းက တဆက်တည်း ၁၈ နာရီတိုင်အောင် အလုပ်လုပ်နေခဲ့ရတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၇ နာရီခန့်က ကွယ်လွန်သွားပြီး အသက်အရွယ် အိုမင်းနေတဲ့ မိဘနှစ်ပါး ရှိသေးကြောင်းသိရပါတယ်။ သူမဟာ အလုပ်အလွန်လုပ်သူဖြစ်တာကြောင့် အနားမယူတတ်တဲ့သူဖြစ်ကြောင်း သူငယ်ချင်းတွေကပြောကြားခဲ့ပါတယ်။


 



Follow us on