1. Home
  2. Special or Others

မြောက်ကိုရီးယားဘက်မှ တောင်ကိုရီးယားကို စတင်ဆက်သွယ်မှုများ ပြန်လည်ပြုလုပ်

Special or Others ม.ค. 03, 2561 view 1,501

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ နှစ်နှစ်နီးပါး အဆက်အသွယ်မရှိသော မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုးရီးယား နှစ်နိုင်ငံ ပြုံချမ်းမြို့တွင် မကြာမီ ကျင်းပတော့မည့် အိုလံပစ်အားကစားပွဲကို အကြောင်းပြုကာ ဇန်နဝါရီလ (၃)ရက်နေ့ နံနက်က ဖုန်းခေါ်ဆိုဆက်သွယ် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြောက်ကိုးရီးယားနိုင်ငံမှ ဖုန်းခေါ်ဆိုမှုကို ဗုဒ္ဓဟူးနေ့ နံနက် ခြောက်နာရီခွဲခန့်က ရရှိခဲ့တယ်လို့ တောင်ကိုးရီးယားနိင်ငံက ကြေညာခဲ့ပြီး လာမည် ဖေဖော်ဝါရီလတွင် ကျင်းပမည့် အိုလံပစ်ပွဲတွင် မြောက်ကိုးရီးယား ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးဟာ၂၀၁၅ ဒီဇင်ဘာလ ထဲကတင်းမာနေခဲ့ကြပြီး မြောက်ကိုးရီးယားဘက်မှ ဖုန်းဖြေဆိုမှု များကို လစ်လျူရှုခဲ့တယ်လို့ တောင်ကိုရီးယားခေါင်းဆောင်များက ပြောကြားခဲ့ပါတယ်။

မြောက်ကိုးရီးယား ဘက်မှလည်း နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်တာကို သတင်းဌာနများတွင် ကြေညာခဲ့ပြီး ဖေဖော်ဝါရီလ Pyeongchang မှာ ကျင်းပမဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ကိုယ်စားလှယ်စေလွှတ်ဖို့နဲ့ ပက်သက်ပြီး ဆွေးနွေးသွားမယ်လို့ တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံအပေါ် အရိုးသားဆုံး၊ အရင်းနှီးဆုံး ဆက်ဆံမှုများနဲ့ ချိပ်ဆက်သွားမယ်လို့ မြောက်ကိုရှးယား အာဏာပိုင်များက ပြောဆိုခဲ့ကြောင်း ယွန်ဟတ် သတင်းဌာနက ဖော်ပြထားပါတယ်။



Follow us on