1. Home
  2. Football

ပွဲကျပ်ကာလမှာ ပရီးမီးယားလိဂ်အသင်းကြီးတွေကို စောင့်ကြိုနေတဲ့ အက်ဖ်အေဖလားပြိုင်ပွဲ

Football ม.ค. 05, 2561 view 1,486
(၂၀၁၇-၁၈)ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဇန်န၀ါရီပွဲကျပ်ကာလအတွင်းမှာတော့ ပရီးမီးယားလိဂ်ပွဲ စဉ်တွေအပြင် အက်ဖ်အေဖလားပွဲစဉ်တွေကို ထပ်မံကစားရဖို့ရှိနေပါတယ်။ယခုလက်ရှိဇန်န၀ါရီပွဲကျပ်ကာလအတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၂)ကို ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အသင်း ကြီးတွေဖြစ်တဲ့ မန်စီးတီးအသင်းက ၀က်စ်ဖို့အသင်း၊ မန်ယူအသင်းက အဲဗာတန်အသင်း၊ လီဗာပူးက ဘန်လေ အသင်း၊ စပါးအသင်းက ဆွမ်ဆီးအသင်း၊ အာဆင်နယ်အသင်းက ချယ်ဆီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
 
 
ပရီးမီးယားလိဂ်အသင်းကြီးတွေအနေနဲ့ လိဂ်ပွဲစဉ်တွေအပြီးမှာ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ပွဲစဉ် တွေကို ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မန်စီးတီး၊ မန်ယူ၊ လီဗာပူးနဲ့ စပါးအသင်းတို့ဟာ အိမ်ကွင်းပွဲစဉ် ကစားရမှာဖြစ်ပေမယ့် အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့ကတော့ အဝေးကွင်းပွဲစဉ် သွားရောက်ကစားရမှာဖြစ် ပါတယ်။ လာမယ့်ဇန်န၀ါရီ(၅)ရက်မှာ လီဗာပူးက အဲဗာတန်အသင်းနဲ့မာဆေးဆိုက်ဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစား ရမှာဖြစ်ပြီး မန်ယူအသင်းကလည်း ဒါဘီကောင်တီအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
 
 
မန်စီးတီးကတော့ ဇန်န၀ါရီ(၆)ရက်မှာ ဘန်လေအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး၊ ချယ်ဆီးအသင်းကလည်း နော့ဝှစ်စီးတီးအ သင်းနဲ့ယှဉ် ပြိုင်ကစားရမှာဖြစ်ပါတယ်။ စပါးအသင်းကတော့ ဇန်န၀ါရီ(၇)ရက်မှာ ၀င်ဘယ်ဒန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး လက်ရှိချန်ပီယံအဖြစ်ရပ်တည်နေတဲ့ အာဆင်နယ်အသင်းကတော့ အဝေးကွင်းမှာ နော်တင်ဟမ်ဖောရက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။
 
အက်ဖ်အေဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ အာဆင်နယ်အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကချန်ပီယံဆုရယူ နိုင်ခဲ့တာအပါအ၀င် ပြိုင်ပွဲသမိုင်းကြောင်းတစ်လျောက် အအောင်မြင်ဆုံးအသင်းအဖြစ် ချန်ပီယံဆု(၁၃)ကြိမ်ရရှိ ကာရပ်တည်နေတာဖြစ်ပါတယ်။
 


Follow us on