1. Home
  2. Special or Others

မကြာမီလက်ထပ်တော့မည့် ကမ္ဘာ့အမွှေးမြှင်အထူဆုံးမိန်းကလေး

Special or Others ม.ค. 08, 2561 view 1,464

အမွှေးမြှင်အများဆုံးပေါက်သူလို့ ကမ္ဘာမှာနာမည်ကြီးတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေး Supatra Susuphan ဟာ သူမရဲ့ချစ်သူနဲ့ လက်ထပ်နိုင်ဖို့အတွက် သူမမျက်နှာမှာရှိတဲ့ အမွှေးတွေအားလုံးကို ရိတ်ပစ်ခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် ကောင်မလေးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေထိုင်ပြီး ထူးဆန်းတဲ့ Werewolf Syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုး ခံစားနေရပါတယ်။ ဒီရောဂါဟာ မျိုးဗီဇရောဂါလက္ခဏာ တစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ သူမအပါအဝင် အယောက်ငါးဆယ်မှာသာ ဖြစ်ပွားတဲ့ အလွန်ရှားပါးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေကတော့ လက်ဖ၀ါးနဲ့ ခြေဖ၀ါးကလွဲပြီးတော့ ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှာ အမွှေးတွေထူထပ်စွာ ပေါက်စေပါတယ်။

သူမဟာ ၂၀၁၀ ခုနှစ်မှာ ကမ္ဘာ့အမွှေးအများဆုံးသူအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပြီး လေဆာကုထုံး ရယူခဲ့သော်လည်း ခဏသာခံခဲ့ပြီး ရလဒ်ကတော့ မကောင်းခဲ့ပါဘူး။  သူမရဲ့ ဖခင်ဟာ သမီးဖြစ်သူရဲ့ ရောဂါကို အပြီးတိုင်ပျောက်ကင်းအောင် ကုသတဲ့နည်းလမ်းကိုမတွေ့သေးပေမယ့် စိတ်ပျက်အားလျှော့ခြင်းမရှိပဲ မျက်နှာကအမွှေးတွေကို ပုံမှန်ရိတ်ပေးတယ်လို့ ဆိုပါတယ်။

အခုချိန်မှာတော့ သူမဟာ သူမရဲ့ အမည်မဖော်လိုတဲ့ ခင်ပွန်းလောင်းနဲ့အတူ ပျော်ရွင်မှုတွေကို ရှာတွေ့ပြီလို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဂရင်းနစ်စံချိန်ဆုရစဉ်ကလည်း သူမက အခြားသူတွေနဲ့ ကွဲပြားခြားနားတယ်လို့ မခံစားရကြောင်း၊ ကျောင်းမှာလည်း သူငယ်ချင်းများစွာရှိကြောင်း၊ ဒီလိုမျိုး အမွှေးများခြင်းဟာ သူမရဲ့ ထူးခြားတဲ့ လက္ခဏာ တစ်ခုဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။



Follow us on